ဗြိတိန်နိုင်ငံမှာခိုလှုံခွင့်ရထားတဲ့ ရုရှားစပိုင်ဟောင်းဆာဂေး စကရီပယ်နဲ့ သမီးဖြစ်သူယူလီယာ စကရီပယ်တို့ အာရုံကြောအဆိပ်နဲ့ လုပ်ကြံခံခဲ့ရတာဟာ ရုရှားရဲ့လုပ်ရပ်ဖြစ်တယ်လို့ဆုံးဖြတ်ပြီးနောက် ရုရှားကိုပိတ်ဆို့မှုတွေထပ်လုပ်သွားမယ်လို့ အမေရိကန်ဘက် ကပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ရုရှားကိုအရေးယူမှုတွေပြုလုပ်သွားမယ်လို့ သြဂုတ်လ(၈)ရက်မှာ အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။ သြဂုတ်လ(၂၂)ရက်မှာစပြီး အသက်ဝင်မယ့်ပိတ်ဆို့မှုတွေထဲမှာ အထိအရှမခံတဲ့ အီလက်ထရောနစ်ပစ္စည်းတွေနဲ့ တခြားနည်းပညာဆိုင်ရာပစ္စည်းတွေတင်ပို့တာတွေပါဝင်ပါတယ်။ အမေရိကန်ရဲ့အခုပိတ်ဆို့မှု တွေက ဆိုးရွားပြင်းထန်လွန်းတယ်လို့ ရုရှားဘက်က ထုတ်ပြန်ထားပါတယ်။ ပိတ်ဆို့မှုတွေကို ကြိုဆိုတယ်လို့ ဗြိတိန်အစိုးရဘက် ကထုတ်ပြန်ခဲ့ပါတယ်။ 

လုပ်ကြံခဲ့တဲ့ဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ရုရှားရှိနေတယ်ဆိုတာ အမေရိကန်ရဲ့မမှန်ကန်တဲ့စွပ်စွဲချက်တွေ ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံဆိုင်ရာရုရှားသံရုံးက သြဂုတ်လ(၉)ရက်မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အခုနှစ်မတ်လက ဆားလ်ဘယ်ရီမြို့မှာလုပ်ကြံခံခဲ့ရတာကြောင့် စကရီပယ်သားအဖက စိုးရိမ်ရတဲ့အခြေအနေမှာရှိခဲ့ပေမဲ့ အခုတော့သက်သာခဲ့ ပါပြီ။ ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ ရုရှားရှိနေတယ်လို့ ဗြိတိန်ဘက်ကစွပ်စွဲခဲ့ပေမဲ့ ရုရှားကတော့ ငြင်းဆိုထားပါတယ်။

 

 

Related News