တူရကီနိုင်ငံတောင်ပိုင်းအော်ဒူပြည်နယ်မှာ မိုးကြီးခဲ့တာကြောင့် ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့ပါတယ်။ အန်ယီ၊ ဖတ်ဆာ၊ ပါဆမ်ဘဲ၊ အီကစ်ဇီ၊ အေဘာစတီနဲ့ ကေဘာစီတို့လို ဆင်ခြေဖုံးဒေသတွေမှာတော့ မြေပြိုမှုတွေပါဖြစ်ပွားခဲ့ပါတယ်။ မိုးကြောင့် ဒေသခံလူ(၅) သိန်းနီးပါး အခက်အခဲတွေတွေ့နေပြီး အဲဒီဒေသတွေက တံတား(၈)စင်းပြိုကျခဲ့ပါတယ်။ လူ(၁၇၀)လောက်ကို ကယ်ဆယ်ရေးရ ဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ခဲ့ရပြီး ပင်လယ်နက်ရဲ့ကမ်းခြေမှာရှိတဲ့အဝေးပြေးလမ်းတွေမှာလည်း ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ် နေပါတယ်။ အပျက်အစီးတွေကို တူရကီအစိုးရက ပြန်ပြီးပြင်ဆင်ပေးသွားမယ်လို့ တူရကီပြည်ထဲရေးဝန်ကြီးဆူလေမန် ဆွိုင်လူ ကပြောပါတယ်။

အထိအခိုက်တွေရှိတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ထားပေမဲ့ အရေအတွက်ကိုတော့ တိတိကျကျမထုတ် ပြန်ထားပါဘူး။ လူဒါဇင်ချီဒဏ်ရာရခဲ့ပြီး လူရာချီနေရပ် စွန့်ခွာခဲ့ရတယ်လို့ TRTသတင်းဌာနက သတင်းဖော်ပြပါတယ်။ သြဂုတ် လ(၁၀)ရက်အထိ မိုးဆက်ရွာဖွယ်ရှိနေတယ်လို့ တူရကီမိုးလေ၀သဌာနကခန့်မှန်းထားပါတယ်။

 

 

Related News