ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ မူးယစ်မှောင်ခိုအဖွဲ့တစ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့က မူးယစ်ဆေးတွေကို သိမ်းဆည်းနိုင်ခဲ့သလို မူးယစ်ဆေးမှောင်ခိုထုတ်သူ(၂)ဦးကိုလည်း အသေပစ်ဖမ်းခဲ့ပါတယ်။စက်တင်ဘာလ(၁၀)ရက်ညက ထိုင်းနိုင်ငံ၊ “ချင်းရိုင်”ခရိုင်မှာရှိတဲ့သစ်တောတစ်ခုထဲမှာ မူးယစ်ဆေးမှောင်ခိုထုတ်တဲ့လူ(၂၀) လောက်နဲ့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ဒေသခံရဲတပ်ဖွဲ့နဲ့ “ဖားမောင်း”အထူးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မူးယစ် မှောင်ခိုထုတ်သူ(၂)ဦးကိုအသေပစ်ဖမ်းနိုင်ခဲ့ပြီး စိတ်ကြွဆေးပြား(၃)သန်းနီးပါး၊ အိုက်စ်စိတ်ကြွဆေးနဲ့ ဘိန်းဖြူတွေကိုသိမ်း ဆည်းရမိခဲ့တယ်လို့သိရပါတယ်။

ထိုင်းနယ်စပ်စစ်ဆေးရေးဂိတ်တွေကိုရှောင်ဖို့ မှောင်ခိုထုတ်တဲ့သူတွေက တောလမ်းတွေကို အ သုံးပြုခဲ့ကြပြီး တိုက်ပွဲက မိနစ်(၂၀)လောက်ကြာခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ တိုက်ပွဲအပြီးမှာ အသက်(၃၀)ပတ်ဝန်းကျင် လူတစ်ဦးကို ပစ္စတိုသေနတ်ကိုင်လျက်သားသေဆုံးနေတာတွေ့ခဲ့ရပြီး စက်တင်ဘာလ(၁၂)ရက်မနက်ပိုင်းမှာတော့ နောက်ထပ် သေဆုံးခဲ့သူ(၁)ဦးကိုတွေ့ခဲ့ရတာလို့သိရပါတယ်။

သေဆုံးသူတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာစုံစမ်းနေဆဲဖြစ်တယ်လို့ ထိုင်း ရဲတပ်ဖွဲ့ကပြောခဲ့ပြီး နောက်ထပ်ဒဏ်ရာရသူတွေရှိနေနိုင်တယ်လို့ယူဆရတာကြောင့် မူးယစ်ဆေးမှောင်ခိုထုတ်သူတွေကို ရဲတပ်ဖွဲ့ က ဆက်ပြီးရှာဖွေနေတယ်လို့သိရပါတယ်။ သေနတ်ဒဏ်ရာနဲ့ကုသမှုခံယူဖို့လာသူတွေတွေ့ရရင်အကြောင်းကြားဖို့ ဒေသတွင်းက ဆေးရုံတွေကို ရဲတပ်ဖွဲ့က ညွှန်ကြားထားပါတယ်။

 

 

 

Related News