စက်တင်ဘာ(၁၂)ရက်က အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်းမှာ အသေခံဗုံးခွဲမှုကြောင့်  အနည်းဆုံးလူ(၆၈)ဦးသေဆုံးခဲ့ပါတယ်။ ပါ ကစ္စတန်နယ်စပ်က “နန်ဂါဟာ” ပြည်နယ်ရဲ့ရဲချုပ်ကို ဆန္ဒပြနေတဲ့လူစုထဲမှာ ဗုံးပေါက်ကွဲခဲ့တာပါ။ လူ(၁၆၅)ဦးဒဏ်ရာရခဲ့ပြီး အသေအပျောက်နည်းရေးအတွက် ဒေသဆေးရုံတွေက ကြိုးပမ်းနေပါတယ်။ အဲဒီပေါက်ကွဲမှုက သူတို့ရဲ့လုပ်ရပ်ဖြစ်တယ်လို့ ဘယ် အဖွဲ့အစည်းကမှ ထုတ်ပြောမထားပေမဲ့ “နန်ဂါဟာ”ပြည်နယ်ဟာ အိုင်အက်စ်လို့ သူတို့ကိုယ်သူတို့သတ်မှတ်ကြတဲ့ အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ရဲ့လှုပ်ရှားမှုအများဆုံးရှိနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေ့အစောပိုင်းက ဗုံးပေါက် ကွဲမှု(၁)ခုကြောင့် လည်း လူ(၂)ဦးဒဏ်ရာရခဲ့ပါတယ်။ လာမယ့်အောက်တိုဘာလမှာ အာဖဂန်နစ္စတန်ရွေးကောက်ပွဲ ကျင်းပဖို့ရှိနေတုန်း မကြာသေး မီက တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူရာချီရှိနေပါတယ်။ ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလတွေမှာ နောက်ထပ်တိုက်ခိုက် မှုတွေထပ်ပြီးကြုံတွေ့ရဖွယ်ရှိနေတယ်လို့ အာဏာပိုင်တွေက သတိပေးနေပါတယ်။

 

 

 

Related News