ပီအက်စ်ဂျီအသင်းလူငယ်တိုက်စစ်မှူးဘာပေဟာ ပြည်ပမီဒီယာတွေရဲ့ဖော်ပြမှုအရ အသက် (၁၉) နှစ် အရွယ်မှာပြသထားခဲ့တဲ့စွမ်းဆောင်ရည်တွေဟာ နာမည်ကြီးကစားသမားတွေဖြစ်ကြတဲ့မက်ဆီနဲ့ စီရော်နယ်ဒို တို့ရဲ့ငယ်ဘ၀ထက်ကောင်းမွန်နေတယ်လို့သိရပါတယ်။ စပိန်အခြေစိုက်အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Marca ရဲ့ဖော်ပြမှုအရဘာပေဟာ အသက် (၁၉) နှစ်အ ရွယ်မှာပြသနေတဲ့ခြေစွမ်းတွေဟာ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့အသက် (၁၉) နှစ်အရွယ်မှာပြသခဲ့တဲ့ခြေစွမ်းတွေ ထက်ကောင်းမွန်နေခဲ့ပါတယ်။ ဘာပေဟာလက်ရှိအသက် (၁၉) နှစ်အရွယ်မှာ မိုနာကိုအသင်းနဲ့ ပီအက်စ်ဂျီအ သင်းတို့မှာကစားခဲ့ပြီး၊ လိဂ်သွင်းဂိုး (၅၂) ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ မက်ဆီအနေနဲ့ အသက် (၁၉) နှစ် အရွယ်မှာ ဘာစီလိုနာအသင်းအတွက်လိဂ်သွင်းဂိုး (၂၅) ဂိုးသာသွင်းယူနိုင်ခဲ့သလို၊ စီရော်နယ်ဒိုဟာလည်း လိဂ် သွင်းဂိုး (၁၇) ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင်ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဘာပေဟာ သွင်းဂိုး (၁၀) ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ မက်ဆီက သွင်းဂိုး (၂) ဂိုးနဲ့ စီရော်နယ်ဒိုကတော့သွင်းဂိုးရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းအတွက်သွင်းဂိုးသွင်းယူထားရာမှာလည်း ဘာပေဟာပြင်သစ်အသင်းအတွက် သွင်းဂိုး (၉) ဂိုးသွင်းယူထားနိုင်ခဲ့ပြီး၊ စီရော်နယ်ဒိုကသွင်းဂိုး (၇) ဂိုးနဲ့ မက်ဆီကသွင်းဂိုး (၄) ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ဆုဖလားရရှိမှုအပိုင်းမှာတော့ ဘာပေဟာ အသက် (၁၉) နှစ်အရွယ်မှာ မိုနာကို၊ ပီအက်စ်ဂျီအသင်းတို့နဲ့အတူ ပြင်သစ်လိဂ်ဂူးဝမ်း၊ ပြင်သစ်စူပါဖလားနဲ့ ပြင်သစ်ရှုံးထွက်ဖလားအပါအ၀င် ဆုဖလား (၄) လုံးအထိရယူနိုင်ခဲ့သ လို၊ ပြင်သစ်အသင်းနဲ့လည်း (၂၀၁၈) ကမ္ဘာ့ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ အသက် (၁၉) နှစ်အရွယ်မှာ ဘာပေနည်းတူဆုဖလား (၅) လုံးရယူနိုင်ခဲ့ပေမယ့်လည်း အဓိကဆုဖလားအဖြစ်ချန်ပီယံ လိဂ်ဆုဖလားကိုသာရယူနိုင်ခဲ့သလို၊ စီရော်နယ်ဒိုကတော့ အက်ဖ်အေဖလား (၁) လုံးကိုသာရယူနိုင်ခဲ့ပါတယ်။ တစ်ဦးချင်းရရှိတဲ့ဆုတံဆိပ်တွေအနေနဲ့ကတော့ ဘာပေဟာ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးလူ ငယ်ကစားသမားဆုကိုရရှိခဲ့သလို၊ (၂၀၁၇) ခုနှစ်ရဲ့အထွန်းတောက်ဆုံးလူငယ်ကစားသမားဆု (Golden Boy Award) ကိုရရှိခဲ့ပေမယ့်လည်း မက်ဆီနဲ့ စီရော်နယ်ဒိုတို့ကတော့ အသက် (၁၉) နှစ်အရွယ်မှာ အကောင်းဆုံး ကစားသမားဆုတွေကိုရယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

 

 

Related News