ပြင်သစ်ပင့်ကူလူသားလို့ လူမှုကွန်ယက်ပေါ်မှာအမည်တပ်ခဲ့ကြတဲ့ “မာမူဒူ ဂါဆမ်မာ”ကို ပြင်သစ်နိုင်ငံသားခံယူခွင့်ပေးလိုက်ပြီ လို့ ပြင်သစ်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ပဲရစ်မြို့က လေးထပ်အဆောက်အအုံတစ်ခုရဲ့ဝရံတာမှာ ပြုတ် ကျလုနီးပါးဖြစ်နေတဲ့ လေးနှစ်သားကလေးငယ်ကို ဂါဆမ်မာက ကယ်ဆယ်နိုင်ခဲ့တာကြောင့် သူ့ရဲ့သူရဲကောင်းဆန်တဲ့အပြုအမူ ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြင်သစ်သမ္မတ“အီမန်နျူရယ် မက်ခရွန်”က ပြင်သစ်သမ္မတနန်းတော်မှာ တွေ့ဆုံပြီး ပြင်သစ်နိုင်ငံသားအ ဖြစ်ခံယူဖို့ရှိ၊ မရှိမေးမြန်းခဲ့ပါတယ်။

မာလီနိုင်ငံသားဂါဆမ်မာက (၂၀၁၇)ခုနှစ်၊ စက်တင်ဘာလမှာ ပြင်သစ်နိုင်ငံကို အထောက်အ ထားမဲ့ရောက်လာခဲ့တာပါ။ သူ့ရဲ့ကိုယ်ကျိုးစွန့်ခဲ့တဲ့လုပ်ရပ်က အတုယူစရာလုပ်ဖြစ်တယ်လို့ ပြင်သစ်ဝန်ကြီးချုပ် “အီဒိုအာ့ဒ် ဖိ လစ်ပီ”လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံသားခံယူခွင့်ပြုကြောင်းအမိန့်မှာပါဝင်ပါတယ်။ ပုံမှန်အားဖြင့် ပြင်သစ်နိုင်ငံကို အထောက် အထားမဲ့ရွှေ့ပြောင်းလာသူတွေအနေနဲ့ နိုင်ငံသားခံယူခွင့်ရဖို့ (၅)နှစ်စောင့်ဆိုင်း ရပါတယ်။ ဂါဆမ်မာဟာ ပြီးခဲ့တဲ့ဇူလိုင်လ(၁)ရက်ကစပြီး  ပဲရစ်မီးသတ်တပ်ဖွဲ့မှာ အလုပ်လုပ်ခဲ့ပါတယ်။ 

 

 

 

Related News