“ဆားလ်စ်ဘယ်ရီ”မြို့မှာရှိတဲ့ ဘုရားကျောင်းကိုလာရောက်ခဲ့တာလို့ ဗြိတိန်မှာ ခိုလှုံခွင့်ရထားတဲ့ ရုရှားစပိုင်ဟောင်းနဲ့ သမီးဖြစ်သူတို့ကို လုပ်ကြံခဲ့တယ်လို့သံသယရှိသူ(၂)ဦးကပြောပါတယ်။ ရုရှားနိုင်ငံပိုင်(RT)သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ မေးမြန်းစဉ်မှာပြော ခဲ့တာပါ။ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ အဲဒီမြို့ကိုသွားခဲ့ပြီး ရာသီဥတုဆိုးခဲ့တာကြောင့် ခဏခိုခဲ့တာလို့ သံသယတရားခံ“အ လက်ဇန်းဒါး ပီးထရော့ဗ်”နဲ့ “ရုစလန် ဘိုရှီရှော့ဗ်”တို့ကပြောခဲ့ပါတယ်။ လုံခြုံရေးကင်မရာတွေက မှတ်တမ်းတင်ထားတဲ့သူတို့ရဲ့ ရုပ်ပုံတွေကို စက်တင်ဘာလအစောပိုင်းမှာ ဗြိတိန်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သူတို့ဟာ “စကရီပယ်”သားအဖကို နိုဗီချုပ်အာရုံ ကြောအဆိပ်နဲ့လုပ်ကြံခဲ့တယ်လို့ ယူဆနေတယ်ဆိုပြီးပြောပါတယ်။ ဗြိတိန်ရဲ့ စွပ်စွဲမှုကြောင့် အပြင်မထွက်ရဲဖြစ်နေတယ်လို့ စွပ်စွဲ ခံထားရသူ(၂)ဦးကပြောပါတယ်။

အဲဒီသီးသန့်တွေ့ဆုံမေးမြန်းမှုက ဗြိတိန်ထောက်လှမ်းရေးကို စော်ကားလိုက်တာဖြစ်တယ်လို့ ဗြိ တိန်ဝန်ကြီးချုပ် “ထရီစာမေ”ရဲ့ပြောခွင့်ရသူကပြောပါတယ်။ ပြီးခဲ့တဲ့မတ်လ(၄)ရက်က အာရုံကြေားအဆိပ်သင့်ခဲ့တဲ့ “စကရီပယ်” သားအဖကို “ဆားလ်စ်ဘယ်ရီ”မြို့က ခုံတန်းတစ်ခုပေါ်မှာတွေ့ခဲ့ပြီး သူတို့က ဆေးရုံမှာ လချီကုသမှုခံယူခဲ့ရပါတယ်။

 

 

 

Related News