အမေရိကန်နိုင်ငံ၊ “မက်ဆာချူးဆက်”ပြည်နယ်၊ “ဘော်စတွန်”မြို့မြောက်ဘက်မှာ စက်တင်ဘာလ(၁၃)ရက်ညနေပိုင်းက ဓာတ် ငွေ့ပိုက်လိုင်းပေါက်ကွဲခဲ့တယလို့ယူဆရတဲ့ဖြစ်ရပ်တစ်ခုကြောင့် အနည်းဆုံးလူ(၁)ဦးသေဆုံးပြီး လူဒါဇင်ချီဒဏ်ရာရခဲ့ပါတယ်။

အဲ ဒီပေါက်ကွဲမှုကြောင့် အိမ်ဒါဇင်ချီမီးလောင်စေခဲ့တယ်လို့ ဒေသရဲတပ်ဖွဲ့ကပြောပါတယ်။ လူရာချီကိုရွှေ့ပြောင်းပေးထားပြီး နောက် ထပ်ဖြစ်ရပ်တွေကို ကာကွယ်နိုင်ဖို့ ဓာတ်ငွေ့နဲ့လျှပ်စစ်ဖြတ်ထားတယ်လို့ သိရပါတယ်။ မီးသတ်ဌာနမှာ အလုပ်လုပ်လာတာ(၃၉) နှစ်နီးပါးရှိနေပေမဲ့ အခုလိုဖြစ်ရပ်မျိုးတခါမှမကြုံခဲ့ဖူးဘူးလို့ “အန်ဒိုဗာ”မီးသတ်နှင့် ကယ်ဆယ်ရေးဌာနအကြီးအကဲ “မိုက်ကယ် မန်းစ်ဖီးလ်”ကပြောခဲ့ပါတယ်။ ကိုလံဘီယာဓာတ်ငွေ့လိုင်းကပိုင်ဆိုင်တဲ့အဓိကဓာတ်ငွေ့ပိုက်လိုင်းမှာ ဖိအားများခဲ့တာကြောင့် အခုလိုပေါက်ကွဲမှုဖြစ်ပွားတယ်လို့ ယူဆနိုင်ပေမဲ့ အတည်မပြုနိုင်သေးဘူးလို့ စုံစမ်းရေးမှူးတွေကပြောတယ်ဆိုပြီး မန်းစ်ဖီးလ် ကပြောပါတယ်။ အမေရိကန်ပြည်ထောင်စုစုံစမ်းရေးဗျူရို(FBI)နဲ့ ဒေသမီးသတ်တပ်ဖွဲ့တို့က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းနေကြ တယ်လို့ သတင်းတွေမှာဖော်ပြနေပါတယ်။ 

 

 

Related News