မက္ကဆီကိုနိုင်ငံမြို့တော်“မက္ကဆီကို”မှာ မက္ကဆီကိုရိုးရာ“မာရီယာချီ”ဂီတသမားပုံစံဝတ်ထားတဲ့သေနတ်သမားတွေက ပစ်ခတ်ခဲ့ တာကြောင့် လူ(၅)ဦးသေဆုံးပြီး နောက်ထပ်လူ(၈)ဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကအတည်ပြုပါတယ်။ မာရီယာချီဂီတ သမားတွေရှိနေတဲ့ “ဂါရီဘယ်ဒီ”ပလာဇာနားကနေ စပြီးပစ်ခဲ့တာလို့ မက္ကဆီကိုရဲတပ်ဖွဲ့ကပြောပါတယ်။ သေနတ်သမားတွေက ဆိုင်ကယ်တွေနဲ့ထွက်ပြေးခဲ့ကြတယ်လို့လည်း သိရပါတယ်။ သေဆုံးခဲ့သူတွေထဲက(၂)ဦးဟာ လုယက်မှုကျူးလွန်ခဲ့သူတွေဖြစ် တယ်လို့ ဒေသအာဏာပိုင်တစ်ဦးကိုကိုးကားပြီး AFPသတင်းဌာနကဖော်ပြပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ပလာဇာဟာ မက္ကဆီကို နိုင်ငံက “လာယူနီယံ”မူးယစ်ဂိုဏ်းရဲ့ဌာနချုပ်ရှိတဲ့ “တဲပီတို”ခရိုင်နားမှာရှိနေတာပါ။ ပြီးခဲ့တဲ့လမှာ အဲဒီဂိုဏ်းရဲ့ခေါင်းဆောင်လို့ ယူဆရသူအဖမ်းခံခဲ့ရပြီးနောက် တဲပီတိုခရိုင်မှာ တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွားနေပါတယ်။ အုပ်စုဖွဲ့မှုခင်းကျူးလွန်သူတွေကို မက္ကဆီကိုအစိုးရက စတင်တိုက်ခိုက်ခဲ့တဲ့(၂၀၀၆)ခုနှစ်နောက်ပိုင်းကတည်းက မက္ကဆီကိုနိုင်ငံမှာ သတ်ခံခဲ့ရသူနဲ့ ပျောက်ဆုံးခဲ့ သူ(၂)သိန်းကျော်ရှိနေပါတယ်။ (၂၀၁၇)ခုနှစ်မှာတော့ မက္ကဆီကိုနိုင်ငံမှာ လူသတ်မှုပေါင်း(၂၅၀၀၀)ကျော်ရှိခဲ့ပြီး မှတ်တမ်းမှတ်ရာ တွေအရတော့ မက္ကဆီကိုနိုင်ငံရဲ့လူသတ်မှုအများဆုံးနှစ်ဖြစ်ခဲ့ပါတယ်။

 

 

 

Related News