စက်တင်ဘာလ(၁၇)ရက်ဒီနေ့မှာ တရုတ်နိုင်ငံတောင်ပိုင်းကို အခုနှစ်ရဲ့အင်အားအပြင်းဆုံဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်းကြီး "မန်ဂွတ်"၀င်ရောက် နေပါတယ်။ မုန်တိုင်းကြောင့် "ဂွမ်ဒေါင်း"ပြည်နယ်မှာ လူ(၂)ဦးသေဆုံးခဲ့ပြီး လူ(၂)သန်းခွဲလောက်ကို "ဂွမ်ဒေါင်း"ပြည်နယ်ထဲမှာနဲ့ "ဟိုင်နန်" ကျွန်းပေါ်တို့ကို ရွှေ့ပြောင်းပေးထားတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြနေပါတယ်။

စက်တင်ဘာလ(၁၆)ရက်မှာ မန်ဂွတ်က ဟောင်ကောင်ကျွန်းကိုဝင်ရောက်ခဲ့တာကြောင့် အဆောက်အအုံတွေပျက်စီးခဲ့ပြီး မြို့တွင်းမြို့ပြင်အသွားအလာတွေ ပိတ်ထားပါတယ်။ ဒီနေ့ညနေပိုင်းမှာတော့ "ဂွီကျိုး"၊ "ချောင်ကင်း"နဲ့ "ယူနန်"ပြည်နယ်တွေကို မုန်တိုင်းဖြတ်သန်းသွားဖွယ်ရှိနေပြီး လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းထားသလို ရထားလမ်းတွေနဲ့ကားလမ်းတချို့မှာလည်း ခရီးစဉ်တွေရပ်ဆိုင်းထားပါတယ်။ မုန်တိုင်းက ကုန်းတွင်းပိုင်းကိုဝင်ရောက် နေတာကြောင့် စက်တင်ဘာလ(၁၈)ရက်မှာတော့ အပူပိုင်းမုန်တိုင်းအဖြစ် အားပျော့သွားဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေပါတယ်။

 

 

 

Related News