ဖွံ့ဖြိုးဆဲနိုင်ငံတွေကအခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းတွေအတွက် တရုတ်နိုင်ငံကအကြီးစားရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်နေတာကိုစိုးရိမ်မိ တယ်လို့ မလေးရှားဝန်ကြီးချုပ် ဒေါက်တာ“မဟာသီယာ မိုဟာမက်”က ပြောပါတယ်။ စက်တင်ဘာလ(၁၅)ရက်က NHKသတင်းဌာနနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာပြောခဲ့တာပါ။ နိုင်ငံတစ်နိုင်ငံဟာ ပြန်ပေးနိုင်တဲ့ပမာဏထက်ပိုပြီးငွေချေးနေပြီဆိုရင် အခက်အခဲရှိလာနိုင်တယ်လို့ ယူဆတယ်ဆိုပြီး သူကပြောပါတယ်။

ချေးငွေပမာဏကများနေပြီဆိုရင် ငွေချေးယူတဲ့နိုင်ငံက သူ့ရဲ့ပိုင်ဆိုင်မှုတွေကို ငွေထုတ်ပေးတဲ့နိုင်ငံကို ပေးလာရနိုင်တယ်လို့ မဟာသီယာကပြောပါတယ်။ ငွေချေးယူတဲ့နိုင်ငံဟာ ငွေထုတ်ပေးတဲ့နိုင်ငံရဲ့လက်ဝေခံနိုင်ငံဖြစ်လာပြီး အုပ်ချုပ်ရေးပိုင်း မှာ ထိခိုက်လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလမှာ ၀န်ကြီးချုပ်အဖြစ် ပြန်ရွေးကောက်ခံရပြီးနောက် မဟာသီယာက မလေးရှားနိုင်ငံရဲ့ဘဏ္ဍာရေးကဏ္ဍကို ပြန်ပြီးတည်ဆောက်ဖို့ ကြိုးပမ်းနေပြီး မလေးရှားဝန်ကြီးချုပ်ဟောင်း“နာဂျစ်ရာဇတ်”လက်ထက်မှာ တရုတ်နိုင်ငံရဲ့ချေးငွေနဲ့စပြီးအကောင်အထည်ဖော်ခဲ့တဲ့ မလေးကျွန်းဆွယ်သွား မြန်နှုန်းမြင့်ရထားလမ်းစီမံကိန်းကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။ 

 

 

 

Related News