တောင်ကိုရီးယားသမ္မတမွန်ဂျဲအင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့ဟာ (၃)ရက်အတွင်း ထိပ်သီးဆွေးနွေးပွဲ(၂)ခု ကျင်းပမှာဖြစ်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံမြို့တော်ပြုံယမ်းကို ဆိုးလ်မြို့လေတပ်စခန်းကနေ စက်တင်ဘာလ(၁၈)ရက် မနက်ပိုင်းမှာ တောင်ကိုရီးယားသမ္မတမွန်ဂျဲအင် ထွက်ခွာမယ်လို့ ကိုရီးယား(၂)နိုင်ငံထိပ်သီးဆွေးနွေးပွဲအတွက် စက်တင်ဘာလ (၁၇)ရက်က ဆိုးလ်မြို့မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ တောင်ကိုရီးယားသမ္မတအိမ်တော်အရာရှိချုပ် အင်ဂျုံစောက်က ပြောခဲ့ပါတယ်။

လာမယ့်စက်တင်ဘာလ(၁၉)ရက်မှာ နောက်ထပ်ထိပ်သီးဆွေးနွေးပွဲတစ်ခုကို ထပ်မံကျင်းပမှာဖြစ်ပြီး ကိုရီးယား (၂)နိုင်ငံ ကြားကစစ်ရေးပဋိပက္ခတွေကိုကာကွယ်ဖို့ စစ်ရေးသဘောတူညီချက်တွေကို အဲဒီဆွေးနွေးပွဲကနေထုတ်ပြန်သွားမယ်လို့ အင်ဂျုံစောက်ကပြောခဲ့ပါတယ်။အဲဒီထိပ်သီးဆွေးနွေးပွဲအတွက် တောင်ကိုရီးယားသမ္မတရုံးက လုံခြုံရေးတာဝန်ရှိသူတွေ၊  ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့နဲ့ သတင်းထောက်တွေဟာ စက်တင်ဘာလ(၁၆)ရက်ကတည်းက မြောက်ကိုရီးယားနိုင်ငံ၊ မြို့ တော် ပြုံယမ်းကို ထွက်ခွာခဲ့ပါတယ်။

 

Related News