တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ မြောက်ကိုရီးယားနိုင်ငံ၊ မြို့တော် ပြုံယမ်းမှာ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ စက်တင်ဘာလ(၁၈)ရက် ဒီနေ့မနက်ပိုင်းမှာ ဆောင်နမ်လေတပ်စခန်းကနေထွက်ခွာခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ကင်ဟာ သူ့ရဲ့ဇနီးဖြစ်သူ လီစောဂျူနဲ့အတူ တောင်ကိုရီးယားသမ္မတကိုသွားရောက်ကြိုဆိုခဲ့ပါ တယ်။ ခေါင်းဆောင်နှစ်ဦးရဲ့ထိပ်သီးဆွေးနွေးပွဲမတိုင်ခင်မှာသမ္မတမွန်းနဲ့ ခေါင်းဆောင်ကင်တို့ဟာ တရားဝင်ကြိုဆိုပွဲအခမ်းအ နားနဲ့နေ့လည်စာစားပွဲကိုတက်ရောက်ခဲ့တယ်ဆိုပြီး KBSသတင်းဌာနကဖော်ပြပါတယ်။

ထိပ်သီးဆွေးနွေးပွဲပထမနေ့မှာ ညစာစား ပွဲနဲ့ အနုပညာစွမ်းရည်တွေကိုပြသတာမျိုးတွေလည်းပါဝင်မှာပါ။ ခေါင်းဆောင်(၂)ဦးရဲ့ဒုတိယအကြိမ်ဆွေးနွေးမှုကိုတော့ စက် တင်ဘာလ(၁၉)ရက် မနက်ပိုင်းမှာကျင်းပမှာဖြစ်ပြီး ဆွေးနွေးပွဲတွေကိုချောချောမွေ့မွေ့နဲ့ကျင်းပနိုင်ခဲ့မယ်ဆိုရင် စက်တင်ဘာလ (၁၉)ရက်နေ့လည်ပိုင်းမှာပဲ ထိပ်သီးဆွေးနွေးပွဲရလဒ်တွေကိုကြေညာဖို့ သမ္မတမွန်းနဲ့ ခေါင်းဆောင်ကင်တို့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။

 

 

Related News