ထိုင်း နိုင်ငံတောင်ပိုင်းကို အပူပိုင်းမုန်တိုင်းမန်ဂွတ်ဝင်ရောက်ခဲ့တာကြောင့် လမ်းတွေနဲ့တံတားတွေပျက်စီးနေတဲ့အပြင် လူသေ ဆုံးမှုတွေလည်းရှိနေပါတယ်။ ထိုင်းနိုင်ငံ၊ “မယ်ဟောင်ဆောင်”ခရိုင်မှာ စက်တင်ဘာလ(၁၇)ရက်က အပူပိုင်းမုန်တိုင်း“မန်ဂွတ်”၀င်ရောက်ခဲ့တာကြောင့် မိုးကြီးခဲ့ ပြီး မြေပြိုခဲ့ပါတယ်။ မုန်တိုင်းကြောင့် ကလေးငယ်(၁)ဦးသေဆုံးပြီး နောက်ထပ်လူ(၁၁)ဦးဒဏ်ရာရခဲ့သလို လူ(၇)ဦးပျောက်ဆုံး နေပါတယ်။ ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ကို စက်တင်ဘာလ(၁၅)ရက်နဲ့(၁၆)ရက်တို့မှာ အခုနှစ်ရဲ့အင်အားအပြင်းဆုံး တိုင်ဖွန်းမုန် တိုင်း“မန်ဂွတ်”၀င်ရောက်ခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်းကနေ ထိုင်းနိုင်ငံဘက်ကိုဦးတည်လာချိန်မှာ အပူပိုင်းမုန်တိုင်းအဖြစ် အား ပျော့သွားပေမဲ့ မုန်တိုင်းအရှိန်ကြောင့် ထိုင်းမှာလည်း မိုးကြီးနေပါတယ်။

ထိုင်းမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းကဒေသခံတွေအ တွက် ထိုင်းမိုးလေ၀သဌာနကသတိပေးချက်ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာလ(၁၇)ရက်ကနေ (၁၉)ရက်အထိ ရေကြီးတာ၊ မြစ်ရေလျှံတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာနကသတိပေးထားပါတယ်။ ရေကြီးတာနဲ့ မြေပြိုတာတွေ ကြောင့် တံတားတွေနဲ့ လမ်းတွေပျက်စီးခဲ့တယ်လို့သိရပါတယ်။ “ဆက်တန်”ခရိုင်တောင်ပိုင်းက “မောင်း”နဲ့ “ခန်ဒွန်”မြို့တို့မှာ စက်တင်ဘာလ(၁၆)ညပိုင်းကရေကြီးခဲ့တာကြောင့် လမ်းတွေပျက်စီးခဲ့ပြီး ကျောင်း(၃)ကျောင်းကိုလည်းယာယီပိတ်ခဲ့ပါတယ်။

 

 

Related News