မြောက်ကာရိုလိုင်းနားပြည်နယ်ကို ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ဝင်ရောက်ခဲ့ပြီးနောက် ရေလွှမ်းမိုးမှုတွေဆက်လက်ဖြစ်နိုင် တဲ့အတွက် ဒေသခံတွေအနေနဲ့အိမ်ကိုပြန်ဖို့မကြိုးစားဘဲ ခိုလှုံရေးစင်တာတွေမှာဆက်လက်နေထိုင်ဖို့ မြောက်ကာရိုလိုင်းနားအုပ် ချုပ်ရေးမှူးရွိုင်ကူပါကတိုက်တွန်းခဲ့ပါတယ်။ ဟာရီကိန်းမုန်တိုင်းဖလောရင့်စ်ဝင်ရောက်ခဲ့ချိန်မှာ မိုးရေဂါလံ(၈)ထရီလီယံကျော် ရွာသွန်းခဲ့ပြီး လူ(၃၅)ဦးသေဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့်မြစ်ရေတွေဆက်မြင့်တက်နေပြီး မြောက်ကာရိုလိုင်းနားပြည်နယ် နယူးဘန်မြို့က အိမ်(၄၀၀၀)ကျော်ရေလွှမ်းမိုးခံနေရတယ်လို့ ကူပါကပြောပါတယ်။

ဟာရီကိန်းမုန်တိုင်း ဖလောရင့်စ်ကြောင့်အ မေရိကန်ဒေါ်လာ(၂၂)ဘီလီယံဖိုး ပျက်စီးဆုံးရှုံးခဲ့ပြီး အများစုကအိမ်ရာအဆောက်အအုံတွေဖြစ်တယ်လို့ မိုဒီရင်းနှီးမြှုပ်နှံမှုလုပ် ငန်းရဲ့ကျွမ်းကျင်သူတွေကပြောပါတယ်။ မြောက်ကာရိုလိုင်းနားက ခိုလှုံရေးစင်တာတွေမှာ လူ(၁၀၀၀၀)လောက်ရှိနေပြီး အိမ်ခြေ (၃)သိန်းကျော်မှာ ဓာတ်အားပြတ်တောက်နေပါတယ်။ ရေကြီးမှုကြောင့် အနည်းဆုံးကြက်ကောင်ရေ(၁.၇)သန်းရေနစ် သေဆုံးခဲ့ တယ်လို့ စီးပွားဖြစ်မွေးမြူရေးကုမ္ပဏီ ဆန်ဒါစန်ကပြောခဲ့ပါတယ်။

 

 

Related News