လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးအတွက် နျူကလီးယားစွမ်းအင်သုံးစက်ရုံတည်ဆောက်ဖို့ အစီအစဉ်မရှိဘူးလို့ မလေးရှားဝန်ကြီး ချုပ်ဒေါက်တာ မဟာသီဟာမိုဟာမက်ကပြောပါတယ်။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပခဲ့တဲ့ (၂၀၁၈)ခုနှစ်လျှပ် စစ်ဓာတ်အားထောက်ပံ့ရေးအစည်းအဝေးမှာပြောခဲ့တာပါ။ နျူကလီးယားကနေတစ်ဆင့်စွမ်းအင်ထုတ်လုပ်တာက ကုန်ကျစရိတ် သက်သာပေမဲ့ နျူကလီးယားစွန့်ပစ်ပစ္စည်းဖယ်ရှားဖို့ အန္တရာယ်ကင်းတဲ့ဖြေရှင်းနည်းတွေမရှိသေးဘူးလို့လည်း မဟာသီယာက ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာ နျူကလီးယားကိုအသုံးပြုခဲ့တဲ့အတွက် ထိခိုက်မှုတွေရှိခဲ့တယ်လို့လည်း မဟာသီယာကပြောပါ တယ်။ မလေးရှားအနေနဲ့ လောင်စာတွေနဲ့ ကျောက်မီးသွေးလိုကျောက်ဖြစ်ရုပ်ကြွင်းတွေကိုသာအသုံးပြုပြီး  လျှပ်စစ်ဓာတ်အား ထုတ်လုပ်မယ်လို့သိရပါတယ်။ လျှပ်စစ်နည်းပညာနယ်ပယ်တွေမှာတိုးတက်မှုရှိနေပေမဲ့ စွန့်ပစ်ပစ္စည်းပြဿနာကိုတော့ ဖြေရှင်း နိုင်ခြင်းမရှိသေးပါဘူး။  မလေးရှားဝန်ကြီးချုပ်အဖြစ်လေးကြိမ်မြောက်တာဝန်ယူချိန်မှာ ရေဒီယိုသတ္တုကြွပစ္စည်းပြဿနာနဲ့ ပတ် သက်ပြီး ဖြေရှင်းခဲ့ရတယ်လို့ မဟာသီယာကပြောပါတယ်။

 

 

 

Related News