နိုင်ငံတကာနေရောင်ခြည်စွမ်းအင်ဆိုင်ရာမဟာမိတ်အဖွဲ့ကိုဦးဆောင်ခဲ့တာနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုမှာပူးပေါင်းဆောင် ရွက်မှုအသစ်တွေကိုတိုးမြှင့်ပေးခဲ့တာတို့အတွက် အိန္ဒိယ၀န်ကြီးချုပ်“နာရန်ဒရာမိုဒီ”ဟာ ကုလသမဂ္ဂရဲ့အမြင့်ဆုံးသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းမှုဆိုင်ရာဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။ ဆုချီးမြှင့်တဲ့အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ “နယူးဒေလီ”မြို့မှာ အောက်တို ဘာလ(၃)ရက်ကကျင်းပခဲ့ပါတယ်။ ၀န်ကြီးချုပ်မိုဒီဟာ နိုင်ငံတကာနေရောင်ခြည်စွမ်းအင်ဆိုင်ရာမဟာမိတ်အဖွဲ့ကို ဦးဆောင်ခဲ့ရုံ သာမက အိန္ဒိယနိုင်ငံမှာ (၂၀၂၂)ခုနှစ်နောက်ဆုံးထားပြီး တစ်ခါသုံးပလပ်စတစ်တွေဖယ်ရှားဖို့ ကတိပြုခဲ့တာကြောင့် အခုလိုဆု ချီးမြှင့်ခံခဲ့ရတာပါ။ သဘာဝပတ်ဝန်းကျင်အတွက် အပြုသဘောဆောင်တဲ့လုပ်ဆောင်ချက်တွေရှိနေတဲ့ အစိုးရအဖွဲ့တွေ၊ အရပ် ဘက်အဖွဲ့အစည်းတွေနဲ့ပုဂ္ဂလိကကဏ္ဍကခေါင်းဆောင်တွေအတွက် “ကမ္ဘာမြေ၏ချန်ပီယံ”ဆုကိုနှစ်စဉ်ချီးမြှင့်လေ့ရှိပါတယ်။

ဆုရ ခဲ့တဲ့အတွက် ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်(UNEP)ကို ကျေးဇူးတင်တယ်လို့ အိန္ဒိယနိုင်ငံကိုယ်စား မိုဒီက ပြောပါတယ်။ ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ကတိပြုခဲ့ပြီး ရာသီဥတုနဲ့သဘာဝဘေးတွေက ယဉ်ကျေးမှုနဲ့တိုက်ရိုက်ဆက်နွယ်နေပြီး ကမ္ဘာကြီးက အိန္ဒိယနိုင်ငံနဲ့သဘာဝပတ်ဝန်းကျင်တို့ရဲ့ရှေးကျတဲ့ဆက်နွယ်မှုကို အသိအမှတ်ပြုခဲ့တာလို့လည်း မိုဒီကပြောပါ တယ်။

 

 

Related News