လာမယ့်နိုဝင်ဘာလမှာ အမေရိကန်ဒုတိယသမ္မတ“မိုက်ခ် ပန့်စ်”ဂျပန်နိုင်ငံကိုသွားရောက်ဖို့ရှိနေချိန်မှာပဲ နှစ်နိုင်ငံကြားတတိယ အကျော့စီးပွားရေးဆွေးနွေးမှုတွေကျင်းပသွားမယ်လို့ ဂျပန်အာဏာပိုင်တွေက ဒီနေ့အောက်တိုဘာလ(၅)ရက်မှာ အတည်ပြု တယ်ဆိုပြီး ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။ အဲဒီခရီးစဉ်မှာ ပန့်စ်က ဂျပန်ဝန်ကြီးချုပ်“ရှင်ဇိုအာဘဲ”၊ ဒုတိယ၀န်ကြီးချုပ် “တာရိုအာဆို”တို့နဲ့တွေ့ဆုံပြီး ကုန်သွယ်ရေး၊ စီးပွားရေးမူဝါဒနဲ့ မြောက်ကိုရီးယားနိုင်ငံအရေးတို့ကို ဆွေးနွေးသွားဖွယ်ရှိနေတယ် လို့သိရပါတယ်။

သြဂုတ်လမှာကျင်းပခဲ့တဲ့ဆွေးနွေးမှုတွေကိုတော့ ဂျပန်စီးပွားရေးဝန်ကြီး“တိုရှီမီဆူ မိုတဲဂီ”နဲ့ အမေရိကန်ကုန် သွယ်ရေးကိုယ်စားလှယ်“ရောဘတ် လိုက်ဟိုင်ဇာ”တို့ကဦးဆောင်ခဲ့ပြီး လွတ်လပ်မျှတပြီး အပြန်အလှန်အကျိုးရှိအောင် ညှိနှိုင်း ခဲ့ကြတယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ဂျပန်နိုင်ငံတို့ကြားကုန်သွယ်မှုမှာ ဂျပန်ရဲ့တင်ပို့မှုက အမေရိကန်ဒေါ်လာ(၆၉)ဘီလီယံ ပိုများနေတဲ့အတွက် နှစ်နိုင်ငံကြားလွတ်လပ်တဲ့သဘောတူညီမှုတစ်ရပ်ရလိုတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကပြောပါ တယ်။ အဲဒီလိုသဘောတူညီချက်တွေက စိုက်ပျိုးရေးလိုထိခိုက်လွယ်တဲ့ဈေးကွက်အတွက် ဖိအားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ ဂျပန်ဘက်ကပြောထားပါတယ်။

 

 

Related News