တရုတ်နိုင်ငံ၊ ဒီလင်း ဟမြို့နဲ့ ရုရှားနိုင်ငံ ဘာနောလ်မြို့တို့ကိုဆက်သွယ်ဖောက်လုပ်ထားတဲ့ မီးရထားလမ်းသစ်ကို အောက်တိုဘာလ(၉)ရက်ကစတင် ပြေးဆွဲခဲ့ပါတယ်။တရုတ်နိုင်ငံ၊ ကင်းဟိုင်ပြည်နယ်အနောက်မြောက်ပိုင်းက ဒီလင်းဟမြို့နဲ့ ရုရှားနိုင်ငံတို့ကိုဆက်သွယ်ဖောက်လုပ်ထားတဲ့ ကုန်တင် မီးရထားလမ်းသစ်ကို အောက်တိုဘာလ(၉)ရက်ကစတင်ပြေးဆွဲခဲ့ပါတယ်။

အဲဒီကုန်တင်မီးရထားမှာ ဓာတုကွန်တိန်နာတွေကို တင်ဆောင်ထားပြီး ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုဖြတ်ကာ ရုရှားနိုင်ငံကို ဘာနောလ်မြို့ကိုမရောက်ခင် ကာဇက် စတန်နိုင်ငံကိုလည်းဖြတ်သန်းသွားမယ်လို့သိရပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ မီးရထားခရီးစဉ်နဲ့ဆိုရင် စုစုပေါင်း(၄၃၄၅)ကီ လိုမီတာကွာဝေးပြီး ကြာချိန်(၁၂)ရက်ဝန်းကျင်ရှိမယ်လို့ခန့်မှန်းထားကြပါတယ်။

ပြီးခဲ့တဲ့(၂၀၁၆)ခုနှစ်ကတည်းက တရုတ်-ဥရောပ မီးရထားလမ်းကြောင်း (၄)ခုကို ကင်းဟိုင်ပြည်နယ်မှာဖောက်လုပ်ခဲ့ပြီး ဒေသထွက်ကုန်ပစ္စည်းတွေကိုနိုင်ငံတကာတင်ပို့ရာမှာ အကူအညီဖြစ်စေဖို့ အခုလိုဖောက်လုပ်ခဲ့တာလို့သိရပါတယ်။ အခုနှစ်ဇွန်လ(၃၀)ရက်မှာ တရုတ်နိုင်ငံဟာ နိုင်ငံထဲကမြို့(၄၈)မြို့နဲ့ ဥရောပနိုင်ငံတွေကမြို့(၄၂)မြို့တို့ကို မီးရထားဝန်ဆောင်မှုတွေလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့(၂၀၁၁)ခုနှစ်၊ မတ်လကနေ အခု(၂၀၁၈)ခုနှစ်၊ သြဂုတ်လအထိ တရုတ်-ဥရောပမီးရထားခရီးစဉ်(၁)သောင်းအထိပြေးဆွဲနိုင်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်CCTV ရုပ်သံကဖော်ပြခဲ့ပါတယ်။ 

 

 

Related News