စပိန်နိုင်ငံ၊ မယ်လိုကာကျွန်းက "ဆန့်ဒ်လော့ရင့်စ် ဒီကာ့ဒ်အက်စတာ"မြို့မှာ အောက်တိုဘာလ(၁၁)ရက်က မိုးကြီးခဲ့ပြီး ရေကြီးမှု တွေဖြစ်ခဲ့တာကြောင့် အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီးနောက် အဲဒီမြို့ကိုအောက်တိုဘာလ(၁၉)ရက် နေ့လည်ပိုင်းမှာ စပိန်ဘု ရင် "ဖီလီပီ"နဲ့ ဇနီးဖြစ်သူ "လက်တီဇီရာ"တို့သွားရောက်ကြည့်ရှုခဲ့ပါတယ်။အဲဒီမြို့ကိုသွားရောက်ခဲ့စဉ်မှာ စပိန်ဘုရင်နဲ့အတူ ဒေသ ဆိုင်ရာအစိုးရ "ဖရန်စီနာ အာမန်ဂိုးလ်"နဲ့ ဒေသဆိုင်ရာဝန်ကြီး "ဆိုင်းရန့်စ် ပတ်ဒရိုဒူကီ"တို့လည်းလိုက်ပါခဲ့တယ်လို့သိရပါတယ်။

ရေကြီးမှုကြောင့် အတော်များများပျက်စီးခဲ့တဲ့အိမ်တွေနဲ့ လမ်းတွေကိုလည်း စပိန်ဘုရင် "ဖီလီပီ"နဲ့အဖွဲ့တို့သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံတွေကိုလည်းရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပါတယ်။ ဒါ့အပြင်အဲဒီမြို့က ဒေသခံကလေးငယ်တွေနဲ့လည်း အမှတ်တရဓာတ် ပုံတချို့လည်းရိုက်ခဲ့ကြတာပါ။ ရေကြီးမှုတွေ ဖြစ်ပြီးနောက် အသက်(၅)နှစ်အရွယ်ကလေးငယ်တစ်ဦး ပျောက်ဆုံးခဲ့ပြီး အဲဒီကလေးကို ဆက်လက်ရှာဖွေနေတဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ အရေးပေါ်စစ်ဘက်ဆိုင်ရာယူနစ်တပ်ဖွဲ့ (UME)တို့က အဖွဲ့ဝင်တွေကိုလည်း စပိန်ဘုရင်နဲ့ ဇနီးဖြစ်သူတို့ကချီးကျူးခဲ့တယ်လို့ သိရပါတယ်။

 

 

Related News