တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်ကပြင်သစ်နိုင်ငံကိုရောက်ရှိခဲ့ပြီး ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နဲ့ အဲလီစေးနန်းတော်မှာအောက်တိုဘာလ(၁၅)ရက် ညပိုင်းမှာထိပ်သီးဆွေးနွေးပွဲကျင်းပမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်က G(20)ထိပ်သီးဆွေး နွေးပွဲမှာ ခေါင်းဆောင်(၂)ဦးတွေ့ဆုံခဲ့ပြီးနောက် အခုထိပ်သီးဆွေးနွေးပွဲက ခေါင်းဆောင်(၂)ဦးရဲ့ ဒုတိယ အကြိမ်အစည်းအဝေး ဖြစ်ပါတယ်။  ကိုရီးယားကျွန်းဆွယ်မှာနျူကလီးယားလက်နက်ကင်းစင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အတွက်ဆွေးနွေးကြ လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

ပြင်သစ်နိုင်ငံကကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တစ်နိုင်ငံဖြစ်ပြီး ဥရောပသမဂ္ဂရဲ့ ခေါင်း ဆောင်ဖြစ်တာကြောင့် သမ္မတမွန်းရဲ့ငြိမ်းချမ်းရေးလမ်းကြောင်းအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထောက်ခံမှုရဖို့  ပြင်သစ် နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ သမ္မတမွန်းကကြိုးပမ်းသွားမယ်လို့သိရပါတယ်။ အဲဒီထိပ်သီးဆွေးနွေးပွဲမှာ(၂)နိုင်ငံစလုံး ရင်ဆိုင်နေရတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အခြားကိစ္စရပ်တွေကိုအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။

 

 

 

Related News