အီဘိုလာရောဂါကြောင့် ထိခိုက်ခဲ့တဲ့ဒေသတွေမှာမကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် ကွန်ဂို နိုင်ငံထဲမှာ အီဘိုလာရောဂါပြန့်ပွားမှုတိုးပွားလာမှာကို စိုးရိမ်မိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကပြောခဲ့ပါတယ်။ အီဘိုလာရောဂါ ပြန့်ပွားမှုအတွက် တုံ့ပြန်မှုတွေလုပ်ဆောင်ဖို့က ပိုခက်ခဲပြီး ရောဂါသာပြန့်ပွားခဲ့မယ်ဆိုရင်ကွန်ဂိုနိုင်ငံတစ်ခု ထဲတင် မဟုတ်ဘဲ အိမ် နီးချင်းနိုင်ငံတွေကိုပါကူးစက်ပြန့်ပွားနိုင်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် "အန်ထော်နီ ယိုဂူတားစ်"ရဲ့ပြောခွင့်ရ သူကပြောပါတယ်။

မကြာသေးခင်က ကီဗူပြည်နယ်မြောက်ပိုင်း၊ ဘန်နီမြို့ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေနဲ့ ရှေ့တန်းအလုပ်သမားတွေကိုထိခိုက်စေခဲ့ပြီး အီဘိုလာ ရောဂါအတွက် တုံ့ပြန်ရေးလုပ်ငန်းစဉ်တွေ ကို ယာယီရပ်ဆိုင်းခဲ့ရတာကြောင့် အီဘိုလာဗိုင်းရပ်စ်ပြန့်ပွားမှုတွေလည်း ဆက်လက်မြင့်တက်လာခဲ့တာပါ။ အောက်တိုဘာလ (၁၁)ရက်က အီဘိုလာရောဂါဖြစ်ပွားနေတယ်လို့ယူဆရတဲ့လူပေါင်း (၂၀၅)ဦးရှိခဲ့ပြီး အဲဒီထဲက(၁၇၀)ဦးကိုရောဂါဖြစ်ပွားနေတယ်လို့ အတည်ပြုနိုင်ခဲ့ကာ နောက်ထပ်(၃၅)ဦးကတော့ဖြစ်နိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။ အီဘိုလာရောဂါဖြစ်ပွားသူ(၁၇၀)ဦးထဲ က(၁၃၀)ဦးကတော့ သေဆုံးခဲ့ပါတယ်။

 

 

Related News