တရုတ်နိုင်ငံ တောင်ပိုင်းမှာ နိုဝင်ဘာလ(၃)ရက်ကညနေပိုင်းက ကား(၃၁)စီးဆင့်တိုက်ခဲ့တာကြောင့် စုစုပေါင်းလူ(၁၅)ဦးသေဆုံးခဲ့ပါတယ်။  တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ဂန်ဆုပြည်နယ်မှာရှိတဲ့အဝေးပြေးစစ်ဆေးရေးဂိတ်တစ်ခုနားမှာ နိုဝင်ဘာလ(၃)ရက်ညနေ ပိုင်းက ကား(၃၁)စီးဆင့်တိုက်ခဲ့တာကြောင့် စုစုပေါင်းလူ(၁၅)ဦးသေဆုံးခဲ့တယ်လို့ဒေသအာဏာပိုင်တွေကပြောပါတယ်။

နောက် ထပ်လူ(၄၄)ဦးဒဏ်ရာရနေပြီး (၁၀)ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။ တောင်ဆင်းလမ်း(၁၇)မီတာ လောက်ဆင်းလာအပြီးမှာ မထိန်းနိုင်တော့တဲ့ကုန်တင်ကားကြီးတစ်စီးက လန်ကျိုးမြို့ကနေဟိုင်ကူမြို့ကိုသွားတဲ့အဝေးပြေးလမ်း မကြီးရဲ့စစ်ဆေးရေးဂိတ်မှာရပ်ထားတဲ့ကားတွေကို တိုက်မိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒီ ဖြစ်ရပ်နောက်ပိုင်းမှာ အဲဒီစစ်ဆေးရေးဂိတ်ကိုပိတ်ထားပြီး ယာဉ်တိုက်မှုအပြီးမှာတော့ ကုန်တင်ကားကြီးက စစ်ဆေးရေးဂိတ်နဲ့ မီတာ(၅၀)အကွာလောက်မှာရှိနေပါတယ်။ အသေးစားဒဏ်ရာတွေပဲရထားတဲ့ကုန်တင်ကားယာဉ်မောင်းကို ရဲတပ်ဖွဲ့ကထိန်းသိမ်း ထားပြီး ဘရိတ်ပေါက်သွားတာကြောင့် ယာဉ်တိုက်မှုဖြစ်ခဲ့တာလို့သူကပြောခဲ့ပေမဲ့ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့အကြောင်းရင်းကို ရဲ တပ်ဖွဲ့ကစုံစမ်းနေပါတယ်။ အဲဒီကုန်တင်ကားဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက လျောင်နင်းပြည်နယ်မှာရှိတဲ့သယ်ယူပို့ ဆောင်ရေးကုမ္ပဏီတစ်ခုကပိုင်ဆိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်။

 

 

Related News