တရုတ်နိုင်ငံကိုတင်သွင်းတဲ့ကုန်ပစ္စည်းတွေကို အခွန်တိုးကောက်ထားတာပြန်ရုတ်သိမ်းဖို့နဲ့ တရုတ်နိုင်ငံရဲ့စီးပွားရေးကိုပွင့်လင်း လာစေဖို့ ဆောင်ရွက်သွားမယ်လို့ တရုတ်သမ္မတရှီကျင့်ပင်ကပြောပါတယ်။ နိုဝင်ဘာလ(၅)ရက်က ရှန်ဟိုင်းကုန်စည်ပြပွဲမှာ မိန့် ခွန်းပြောကြားစဉ်ထည့်သွင်းပြောခဲ့တာပါ။ အတိုက်ခိုက်ခံနေရတယ်လို့သူယူဆနေတဲ့ လွတ်လပ်စွာကုန်သွယ်ရေးနဲ့ပတ်သက်လို့ လည်း ကာကွယ်ပြောဆိုခဲ့ပြီး ဒီမှတ်ချက်စကားတွေဟာ တရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲနေတဲ့အမေရိကန်ကိုကိုးကားတာ လို့ ရှုမြင်နေကြပါတယ်။ အခုနှစ်အစပိုင်းကတည်းက အမေရိကန်နဲ့တရုတ်နိုင်ငံတို့က တစ်ဖက်နဲ့တစ်ဖက်အကောက်ခွန်တွေတိုးကောက်ပြီး ကုန်သွယ်ရေးစစ်ပွဲဖြစ်နေပါတယ်။ နှစ်နိုင်ငံစလုံးက နောက်ဆုတ်ဖို့အရိပ်အယောင်ပြတာမျိုးတွေမရှိတဲ့အပြင် အကောက်ခွန်ထပ်တိုးကောက်သွားမယ်လို့ အမေရိကန်ဘက်ကပြောနေပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို တစ်ကမ္ဘာလုံးပါဝင်ဖို့ ကြိုးပမ်းနေချိန်မှာ တောတွင်းဥပဒေသကိုကျင့်သုံးတာနဲ့ နိုင်သူအကုန်ယူတဲ့စနစ်ကိုကျင့်သုံးတာက အားလုံးအထိနာပြီးအဆုံး သတ်ရမယ့်နည်းလမ်းဖြစ်တဲ့အပြင် လူတိုင်းပါဝင်နိုင်တဲ့တိုးတက်မှုကသာ ရှေ့ကိုတိုးနိုင်မယ့်နည်းလမ်းဖြစ်တယ်လို့ ရှီကပြောပါ တယ်။

 

 

Related News