အိန္ဒိယနိုင်ငံရဲ့လေထုညစ်ညမ်းမှုဟာ မနက်ဖြန်မှာကျင်းပဖို့ရှိနေတဲ့ဒီဝါလီပွဲတော်ကာလမှာ ဆိုးရွားတဲ့အခြေအနေမှာ ဆက်လက်ရှိနေအုံး မယ်လို့ လေထုအရည်အသွေး၊ မိုးလေ၀သခန့်မှန်းရေးစနစ်နဲ့ သုတေသနပြုချက်တွေအရ သိရပါတယ်။ အိန္ဒိယနိုင်ငံ၊ မြို့တော် နယူးဒေလီမှာ လေထုညစ်ညမ်းမှုက ဆိုးဆိုးရွားရွားဆက်လက်ဖြစ်ပေါ်နေပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ လေထုညစ်ညမ်းမှုက ဆိုးရွာတဲ့အခြေအနေမှာဆက်လက်ရှိနေအုံးမယ်လို့ လေထုအရည်အသွေး၊ မိုးလေ၀သ ခန့်မှန်း ရေးစနစ်နဲ့ သုတေသနပြုချက်တွေအရသိရပါတယ်။ နောက်ဆုံးရရှိထားတဲ့လေထုအရည်အသွေးစစ်ဆေးမှုတွေအရ  နယူးဒေလီ မြို့ထဲက ဒိုင်ရန်ချန်အမျိုးသားအားကစားကွင်းမှာ လေထုညစ်ညမ်းမှုညွှန်းကိန်းက(၆၇၆)မှာရှိနေပြီး ဂျဝါးဟာလာနေရူးအား ကစားရုံမှာတော့ ညွှန်းကိန်းက(၆၈၁)အထိရှိခဲ့ပါတယ်။

အဲဒီစစ်ဆေးမှုတွေကလေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ခြေအနေကို ရောက်ရှိနေတာကို ညွှန်ပြနေတာပါ။ တစ်ချိန်တည်းမှာပဲ လေထုညစ်ညမ်းမှုကိုဖြေရှင်းဖို့ ဆောက်လုပ်ရေးလုပ်ငန်းတွေရပ်ဆိုင်းဖို့ နဲ့ ယာဉ်အသွားအလာ ပုံမှန်ဖြစ်ဖို့ နယူးဒေလီမြို့အာဏာပိုင်တွေက ဆောင်ရွက်ခဲ့ပါတယ်။ တူးဖော်တာတွေပါဝင်တဲ့ဆောက်လုပ် ရေးလုပ်ငန်းအားလုံးကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ နယူးဒေလီလေထုညစ်ညမ်းမှုထိန်းချုပ်ရေးကော်မတီက နိုဝင်ဘာလ(၁)ရက်က နေ(၁၀)ရက်ထိ လေထုညစ်ညမ်း မှုကိုဖြစ်ပေါ်စေတဲ့မော်တော်ယာဉ်တွေ၊ ဒေသတွင်းယာဉ်ကြောပိတ်ဆို့မှုတွေကိုစစ်ဆေးဖို့ ပို့ ဆောင်ရေးဌာနနဲ့ ယာဉ်ထိန်းရဲတွေကို ညွှန်ကြားထားပါတယ်။  လေထုညစ်ညမ်းမှုတွေကိုတိုက်ဖျက်မယ့်အစီအစဉ်တွေကိုလည်း အကောင်အထည်ဖော်နေပြီး ချမှတ်ထားတဲ့ စည်းကမ်းတွေကိုချိုးဖောက်သူတွေကို ဒဏ်ငွေစုစုပေါင်းရူပီး(၈၃)သိန်းကျော်ချမှတ်သွားမှာဖြစ်ပါတယ်။    

 

 

Related News