မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ဟာ မကြာခင်မှာတောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်မြို့ကိုလာရောက်ဖို့ရှိနေတယ်လို့ တောင်ကိုရီးယားသမ္မတ မွန်ဂျဲအင်က နိုဝင်ဘာလ(၁)ရက်မှာပြောပါတယ်။ တောင်ကိုရီးယားအမျိုးသားလွှတ်တော်မစခင် မိန့်ခွန်းပြောစဉ်မှာထည့်သွင်းပြောခဲ့တာဖြစ်ပြီး ဒုတိယအကြိမ်အမေရိကန်-မြောက်ကိုရီးယားထိပ်သီးညီလာခံလည်း ကျင်းပဖို့ရှိနေသလို တရုတ်သမ္မတရှီကျင့်ပင်ကလည်း မကြာခင်မှာ မြောက်ကိုရီးယားနိုင်ငံကိုလာရောက်မယ်လို့မျှော်လင့်ရတယ်ဆိုပြီး မွန်းကပြောပါတယ်။

မကြာခင်မှာ ကင်က ရုရှားနိုင်ငံကိုသွားရောက်ဖို့ရှိနေပြီး ကင်ဟာ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးနဲ့လည်းတွေ့ဆုံနိုင်ခြေရှိတယ်လို့ မွန်းကပြောပါတယ်။ ကင်ဂျုံအန်ဟာ အခု(၂၀၁၈)ခုနှစ်အတွင်းမှာ တောင်ကိုရီးယားကိုလာရောက်ဖွယ်ရှိနေတယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာလမှာကျင်းပခဲ့တဲ့ ကိုရီးယား(၂)နိုင်ငံထိပ်သီးညီလာခံမှာ မွန်းကပြောခဲ့ပါတယ်။ အခုထပ်ပြောတာတွေဟာ မွန်းအစောပိုင်းကပြောခဲ့တာတွေနဲ့ထပ်တူကျနေပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလုံးဝဖျက်သိမ်းရေးအတွက် သံတမန်နည်းလမ်းနဲ့တွန်းအားပေးသွားဖို့ ဆုံးဖြတ်ထားတယ်လို့ တောင်ကိုရီးယားသမ္မတအိမ်တော်(အိမ်ပြာတော်)ဘက်က ပြောပါတယ်။

 

Related News