နိုဝင်ဘာလ(၆)ရက်ကစပြီး တောင်ကိုရီးယားနိုင်ငံမှာ စက်သုံးဆီအခွန်တွေကိုယာယီလျှော့ချခဲ့ပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံ ဓာတ်ငွေ့ရည်နဲ့ ဗျူတိန်းတို့ကို လာမယ့်(၆)လအတွင်း (၁၅)ရာခိုင်နှုန်းအခွန်လျှော့ကောက်သွားမယ်လို့တောင်ကိုရီးယားအစိုးရက ပြောပါတယ်။ နိုဝင်ဘာလ(၆)ရက်ကစပြီး (၂၀၁၉)ခုနှစ်၊ မေလ(၆)ရက်အထိ ရေနံစက်ရုံတွေက စက်သုံးဆီတွေကို ဈေးနှုန်း လျှော့ချပြီးရောင်းပေးသွားမှာဖြစ်ပါတယ်။

ဓာတ်ဆီတစ်လီတာကို တောင်ကိုရီးယားဝမ်(၁၂၃)၀မ်နဲ့ ဒီဇယ်တစ်လီတာကို တောင် ကိုရီးယားဝမ်(၈၇)၀မ်ဈေးနှုန်းလျှော့ချဖို့ရည်ရွယ်ပြီး အခုလိုအခွန်လျှော့ကောက်လိုက်တာပါ။ ကမ္ဘာ့ဆီဈေးတက်နေတာနဲ့ နိုင်ငံ တွင်းဝယ်လိုအားမြင့်တက်နေတဲ့အတွက် နိုင်ငံသားတွေဝန်ပိမှာစိုးရိမ်တာကြောင့် အခုလိုစီမံဆောင်ရွက်ခဲ့တာလို့ တောင်ကိုရီး ယားအစိုးရဘက်ကပြောထားပါတယ်။ အခွန်လျှော့ကောက်တာကြောင့် တောင်ကိုရီးယားယာဉ်မောင်းတွေအနေနဲ့ ၀မ်ငွေ(၂)ထရီ လီယံလောက်သက်သာသွားနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဓာတ်ဆီဆိုင်တစ်ဆိုင်ချင်းဆီမှာ ဈေးကျသွားဖွယ်မရှိဘူး လို့ဝေဖန်မှုတွေရှိလာနိုင်တာကြောင့် စောင့်ကြည့်တဲ့စနစ်ကိုလည်း မကြာခင်မှာကျင့်သုံးသွားမယ်လို့သိရပါတယ်။

 

 

Related News