ထိုင်းနိုင်ငံအလယ်ပိုင်း အန်သောင်း ခရိုင်မှာဖွင့်လှစ်ထားတဲ့ ကောင်းဘွိုင်လယ်ကွင်းကော်ဖီဆိုင်ဟာ သဘာဝထုတ်ပစ္စည်းတွေ သာအသုံးပြုပြီး အခမဲ့မြင်းစီးခွင့်ပြုထားတာကြောင့် စိတ်ဝင်စားမှုများနေပါတယ်။ ဖွင့်ထားတာ တစ်လလောက်ပဲကြာသေးပေမဲ့ ကော်ဖီကြိုက်သူတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့နေရာတစ်ခုဖြစ်နေတာပါ။ ဖွင့်ပွဲကာလမှာ ဆိုင်ကိုလာရောက် သူတွေကို အခမဲ့မြင်းစီးခွင့်ပေးထားပြီး မြင်းစီးတာက ရိုးရှင်းတယ်လို့ထင်သူတွေကိုတော့ ကျွဲစီးခွင့်ပြုထားတယ်လို့ ဆိုင်မန်နေဂျာ ဖြစ်သူကပြောပါတယ်။ စပါးစိုက်တဲ့လယ်ကွင်းတွေကနေ အသွင်ပြောင်းထားတဲ့အဲဒီဆိုင်မှာ ကလေးငယ်တွေအနေနဲ့ ဆိတ်တွေ၊ ငှက်တွေနဲ့ မျောက်တွေကို အစာကျွေးနိုင်ပါတယ်။ ကော်ဖီနဲ့သဘာဝရှုခင်းတွေကြောင့် လာရောက်သူတွေအနေနဲ့ စိတ်ကြည်နူး စေမယ်လို့လည်းသိရပါတယ်။

 

Related News