တောင်ကိုရီးယားနိုင်ငံက ကျူပင်ခင်းတစ်ခုမှာ နိုဝင်ဘာလ(၁၄)ရက်က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မီးလောင်မှုကိုထိန်း ချုပ်နိုင်ရေးအတွက် မီးသတ်ကားတွေအပြင် မီးသတ်ရဟတ်ယာဉ်တွေကိုအသုံးပြုနေပေမဲ့ မီးညွန့်တွေကိုထိန်းနိုင်ဖို့ မလွယ်ကူခဲ့ ဘူးလို့ မီးသတ်တပ်ဖွဲ့ကပြောပါတယ်။ မီးလောင်မှုက နိုဝင်ဘာလ(၁၄)ရက် ဒေသစံတော်ချိန်နေ့လည်(၃)နာရီဝန်းကျင်လောက် မှာဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ လ(၁၅)ရက် ဒီနေ့မနက်ပိုင်းမှာမှ ထိန်းချုပ်နိုင်ခဲ့တာလို့သိရပါတယ်။ မီးလောင်မှုအလွန်ကြီးမားခဲ့တာ ကြောင့် အဲဒီကနေထွက်နေတဲ့မီးခိုးတွေက မီးခိုးဗုံးတွေလိုဖြစ်စေခဲ့ပါတယ်။

ကျူပင်ခင်းနားဝန်းကျင်က နေရာတွေကိုနောက်ထပ် မီးမကူးစေဖို့ မီးသတ်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ မြေတူးစက်တွေကို မီးသတ်သမားတွေကအသုံးပြုခဲ့တာပါ။ အဲဒီမီးလောင်မှု ထဲကမှ ကံကောင်းတာတစ်ခုကတော့ ရွာတွေနဲ့ အဆောက်အအုံတွေက မီးလောင်နေတဲ့နေရာနဲ့အဝေးကြီးမှာရှိနေခဲ့တာပဲဖြစ်ပါ တယ်။ မီးလောင်မှုကြောင့် လယ်ယာမြေ(၁၅)ဟတ်တာလောက်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။ မီးလောင်နေတဲ့နေရာနဲ့ မလှမ်းမ ကမ်းမှာ ဒိုင်နိုဆောဥကျောက်ဖြစ်ရုပ်ကြွင်းတွေထားရှိဖို့ နေရာသစ်တစ်ခုကိုတည်ဆောက်နေတာဖြစ်ပြီး အဲဒီနေရာကိုမီးမပြန့် အောင်ထိန်းလိုက်နိုင်တာကြောင့် ပျက်စီးမှုတွေတော့မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့အရာရှိတစ်ဦးကပြောခဲ့ပါတယ်။

 

 

Related News