တရုတ်နိုင်ငံ၊ မြို့တော် ဘေကျင်းကနေ ပိုလန်နိုင်ငံ၊ မြို့တော် ၀ါဆော ကိုပြန်လာတဲ့ ပိုလန်လေကြောင်းလိုင်း(LOT)ဘိုအင်း (787)ဟာ ဘေကျင်းလေဆိပ်ကနေထွက်ခွာပြီးနောက် သိပ်မကြာခင်မှာပဲ ဘေကျင်းလေဆိပ်ကိုပြန်လည်ဆင်း သက်ခဲ့ရပါတယ်။ လေယာဉ်မောင်းနှင်ရင်း ဟိုက်ဒရောလစ်အရည်တွေယိုစိမ့်လာပြီး ဟိုက်ဒရောလစ်အရည်တွေပြန်အစားထိုးဖို့ လိုအပ်တာကြောင့် ဘေကျင်းလေဆိပ်ကိုပြန်ဆင်းသက်ခဲ့ရတာလို့ လေယာဉ်မှူးကပြောပါတယ်။

ဟိုက်ဒရောလစ် အရည်တွေပြန်အစားထိုးပေးဖို့ ပေး ရမယ့်ဝန်ဆောင်ခကို လက်ငင်းရှင်းပေးတာကလွဲပြီး ဘဏ်ကတစ်ဆင့် ပေးချေမှုတွေကို လုပ်ငန်းဆောင်ရွက်ပေးမယ့်လုပ်သားက လက်မခံခဲ့တာကြောင့် လေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်(၄)ဦးက ပိုက်ဆံတွေစိုက်ရှင်းပေးခဲ့တယ်လို့သိရပါတယ်။ ပိုက်ဆံတွေစိုက်ရှင်းပေးခဲ့တဲ့ ခရီးသည်(၄)ဦးကို LOTလေကြောင်းလိုင်းက သူတို့စိုက်ရှင်းပေးခဲ့တဲ့ ငွေတွေပြန်ပေးမယ့်အပြင် လက် ဆောင်တွေအဖြစ်နောက်တစ်ကြိမ် လေယာဉ်စီးတဲ့အခါ လေယာဉ်လက်မှတ်တွေကိုအခမဲ့ပေးမှာဖြစ်ပြီး လိုအပ်လို့ဟိုတယ်မှာ တည်းခိုမယ်ဆိုရင် ဟိုတယ်အတွက်ပေးရမယ့် ၀န်ဆောင်ခကိုလည်း LOTက ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News