ပြီးခဲ့တဲ့စက်တင်ဘာလက ငလျင်ဒဏ်သင့်ခဲ့တဲ့ ဂျပန်နိုင်ငံ၊ ဟော်ကိုင်းဒိုးကျွန်း ကို ဂျပန်ဧကရာဇ်နဲ့ ကြင်ယာတော်တို့သွားရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမြောက်ပိုင်းက ဟော့ကိုင်ဒိုးမှာငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ငလျင်ကြောင့်ထိခိုက်ခဲ့တဲ့မြို့ကို ဂျပန်ဧကရာဇ် အကီဟီတိုနဲ့ ကြင်ယာတော်မီချီကိုတို့ နိုဝင်ဘာလ(၁၅)ရက်ကသွားရောက်ခဲ့ပါတယ်။ ဧကရာဇ်ဇနီးမောင်နှံဟာ တိုကျိုမြို့က ဟန်နီဒါ လေဆိပ် ကနေ နယူးချီတိုစဲ လေဆိပ်ကိုထွက်ခွာခဲ့ပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဟော့ကိုင်းဒိုးကျွန်းက အက်ဆူမာမြို့မှာ ငလျင် လှုပ်ခတ်ခဲ့ပြီး မြေပြိုမှုတွေရှိခဲ့တာ ကြောင့် လူ(၃၆)ဦးသေဆုံးခဲ့တာပါ။ မြေပြိုမှုတွေကြောင့် လူဒါဇင်ချီ သူတို့ရဲ့နေအိမ်တွေကနေ ယာယီနေထိုင်ရေးစခန်းတွေကို ရွှေ့ပြောင်းခဲ့ရပါတယ်။

ဧကရာဇ်နဲ့ ကြင်ယာတော်တို့ဟာ အဆူမာမြို့ကိုသွားရောက်ခဲ့ပြီး ဟော့ကိုင်းဒိုးကျွန်းအုပ်ချုပ်ရေးမှူး ဟာရူမီ တာကာဟာချီရဲ့အပျက်အစီးနဲ့ပတ်သက်တဲတင်ပြချက်တွေကို နားထောင်ခဲ့ပါတယ်။ ငလျင်နဲ့ မြေပြိုမှုတွေကြားမှာ အသက်ရှင်ကျန်ခဲ့သူတွေနဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို ဧကရာဇ်ဇနီးမောင်နှံက အားပေးခဲ့ပါ တယ်။ ငလျင်နဲ့ မြေပြိုမှုကယ်ဆယ်ရေးမှာ စုပေါင်းကြိုးပမ်းပေးခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်သမားတွေ၊ မြေပြင်ကာကွယ်ေ ရးတပ်ဖွဲ့နဲ့ သဘာဝဘေးတုံ့ပြန်ရေးအရာရှိတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဧကရာဇ်နဲ့ ကြင်ယာတော်တို့ကပြောကြားခဲ့ပါ တယ်။ နိုဝင်ဘာလ(၁၅)ရက်ညပိုင်းမှာဧကရာဇ်နဲ့ ကြင်ယာတော်တို့ တိုကျိုမြို့ကိုပြန်လာခဲ့ပြီး သဘာဝဘေးဖြစ်ရပ်တွေအတွက် ၀မ်းနည်းနေကြတယ်လို့ ဧကရာဇ်အိမ်တော်ဆိုင်ရာအေဂျင်စီအရာရှိတွေကပြောခဲ့ပါတယ်။

 

 

 

Related News