G(20)ထိပ်သီးအစည်းအဝေးကို အာဂျင်တီးနားနိုင်ငံ၊ မြို့တော် ဗျူနိုအဲရီးစ်မြို့မှာ နိုဝင်ဘာလ(၃၀)ရက်ကဖွင့်လှစ်ခဲ့ပါတယ်။ အခု ကျင်းပတဲ့G(20)ထိပ်သီးအစည်းအဝေးကို (၂)ရက်ကြာကျင်းပမှာဖြစ်ပြီး  တောင်အမေရိကတိုက်ထဲကနိုင်ငံမှာကျင်းပတဲ့ ပထမ ဆုံးအစည်းအဝေးဖြစ်ပါတယ်။ တရုတ်သမ္မတရှီကျင့်ပင်က ထိပ်သီးအစည်းအဝေးကျင်းပတဲ့နေရာကို နိုဝင်ဘာလ(၃၀)ရက်က တည်းကအရင်ဆုံးရောက်ရှိခဲ့ပြီး အာဂျင်တီးနားသမ္မတ  မရီးစီရို မာခရီကကြိုဆိုခဲ့ပါတယ်။  အစည်းအဝေးမကျင်းပခင် သမ္မတ ရှီက ကမ္ဘာတစ်ဝန်းကခေါင်းဆောင်တွေနဲ့အတူ ဓါတ်ပုံရိုက်ခဲ့ပါတယ်။ အခုကျင်းပတဲ့G(20) ထိပ်သီးအစည်းအဝေးကို အာဂျင်တီး နား သမ္မတမရီးစီးရို မာခရီကဖွင့်လှစ်ပေးခဲ့တာပါ။  G(20)မှာအဖွဲ့ဝင်နိုင်ငံပေါင်း(၁၉)နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့ပါဝင်ပါတယ်။ G(20) အဖွဲ့ဝင်နိုင်ငံတွေကကမ္ဘာလုံးဆိုင်ရာစီးပွားရေး ထွက်ကုန်(၈၅)ရာခိုင်နှုန်း၊ ကမ္ဘာ့လူဦးရေ (၂၀)ရာခိုင်နှုန်းနဲ့ နိုင်ငံတကာကုန် သွယ်မှု (၇၅)ရာခိုင်နှုန်းကိုကိုယ်စားပြုပါတယ်။   တရားမျှတပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ သဘောတူညီမှုတည်ဆောက်စို့ ဆိုတဲ့ ဆောင်ပုဒ်အောက်မှာ ဒီနှစ်ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲကို  ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ရေရှည်တည်တံ့ရေးနည်းလမ်းတွေအပေါ် အဓိကထားဆွေးနွေးကြမယ်လို့မျှော်မှန်းထားပါတယ်။

 

Related News