(၃)ပတ်ဆက်တိုက်ရုံးပိတ်ရက်မှာ လောင်စာဆီဈေးကျဆင်းဖို့ ဆန္ဒပြသူ တွေက အကြမ်းဖက် လုပ်ရပ်တွေလုပ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ဖြိုခွဲခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလလယ်လောက်ကတည်းက ပြင်သစ်နိုင်ငံမှာ လောင်စာဆီဈေးကျဆင်းရေးအတွက် ရုံးပိတ်ရက်တွေမှာ ရောင် ပြန်အကျီင်္ဝတ်လှုပ်ရှားမှုနဲ့ဆန္ဒပြခဲ့ကြသူတွေကို ဒီဇင်ဘာလ(၁)ရက်ညပိုင်းမှာ ပြင်သစ်ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေသုံးပြီး ဖြိုခွဲခဲ့ ပါတယ်။ ဆန္ဒပြသူတွေက ခဲတွေနဲ့ပေါက်ပြီး အဆောက်အအုံတွေကိုမီးရှို့ခဲ့တာကြောင့် ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ ကျင်စက် တွေနဲ့ မီးသတ်ပိုက်တွေသုံးပြီး ဖြိုခွဲခဲ့တာပါ။ စုစုပေါင်းလူ(၁၁၀)ဦးလောက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေထဲက (၁၇)ဦးက လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ လူ(၂၇၀)ဦးကိုဖမ်းဆီးခဲ့တယ်လို့လည်းသိရပါတယ်။ လောင်စာဆီအခွန်တိုးကောက်တာကြောင့် လူနေမှုစရိတ်ပိုကုန်လာတဲ့အတွက် ဆန္ဒပြနေကြတာပါ။ ကမ္ဘာကြီးပူနွေးလာမှုကိုတိုက်ဖျက်ဖို့ သူ့ရဲ့လောင်စာဆီမူဝါဒတွေကိုလို အပ်တယ်လို့ ပြင်သစ်သမ္မတအီမန်နျူရယ် မက်ခရွန်ကပြောပါတယ်။ အခုဖြစ်ရပ်တွေက “အာ့ခ်ဒီထရီယွမ်ဖဲ”အထိမ်းအမှတ် ကျောက်တိုင်နားမှာဖြစ်ပွားခဲ့ပြီး အမည်မသိစစ်သည်တွေကိုမြှုပ်နှံထားတဲ့ဂူဗိမာန်နားမှာ အထိကရုဏ်းဖြစ်ပွားခဲ့တာကြောင့် ထိပ် လန့်မိတယ်လို့ ပြင်သစ်ဝန်ကြီးချုပ် အက်ဒွါ့ ဖိလစ်ပေးကပြောပါတယ်။

 

 

Related News