အာဂျင်တီးနားနိုင်ငံ၊ ဘွေနိုအေရိစ်မြို့မှာ ဒီဇင်ဘာလ(၁)ရက်ကကျင်းပတဲ့ G20ထိပ်သီးအစည်းအဝေးမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘဲတို့  ငြိမ်းချမ်းရေးစာချုပ်အပေါ် သဘောတူညီမှုတိုးမြှင့်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နိုဝင် ဘာလကစင်ကာပူမှာကျင်းပခဲ့တဲ့အစည်းအဝေးရလဒ်တွေအပေါ်အခြေခံကာ ငြိမ်းချမ်းရေးစာချုပ်ပြဿနာကို အာရုံစူးစိုက်လို တယ်လို့ အာဘဲကပြောပါတယ်။

ရုရှားနိုင်ငံကို တရားဝင်ခရီးစဉ်အဖြစ် အာဘဲမသွားရောက်ခင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဗေးလာရော့တို့ ငြိမ်းချမ်းရေးစာချုပ်အပေါ်ညှိနှိုင်းဖို့ သဘောတူခဲ့ပါတယ်။ ငြိမ်းချမ်းရေးစာ ချုပ်ချုပ်ဆိုပြီးနောက် ရုရှားကသိမ်းပိုက်ထားတဲ့ကျွန်း(၄)ကျွန်းက  (၂)ခုကို ဂျပန်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးမှာဖြစ်ပါတယ်။ အစည်းအဝေးအပြီးမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းတွေနဲ့ အပြန်အလှန်နားလည်မှုတည်ဆောက်ဖို့ ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ (၂၀၁၉)ခုနှစ်ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် (၂)နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေတွေ့ဆုံ ဆွေးနွေးဖို့စီစဉ်နေတယ်လို့ ပူတင်ကပြောပါတယ်။

 

 

Related News