လာမယ့်(၂၀၁၉)ခုနှစ်၊ နှစ်သစ်အတွက် ကံကောင်းစေတဲ့မြားတွေကို ဂျပန်နိုင်ငံ၊ မြို့တော် တိုကျိုနားက ကမာခူရာမြို့မှာရှိတဲ့ ဗိ မာန်ဝန်ထမ်းတွေကပြုလုပ်နေကြပါပြီ။ နှစ်သစ်မှာလာရောက်လည်ပတ်ကြသူတွေအတွက် စူရူဂအိုကာ ဟချမန်ဂူး ဗိမာန်က လူသိများတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ၀ါးနဲ့ပြုလုပ်ထားတဲ့ ကံကောင်းစေတဲ့မြားတွေကို ဟမာရာလို့ခေါ်ကြပြီး မကောင်းဆိုးရွား တွေကိုတိုက်ဖျက်နိုင်တယ်လို့ ဂျပန်လူမျိုးတွေကယုံကြည်ကြပါတယ်။ ရှင်တိုဘုန်းတော်ကြီးတွေနဲ့ အခြွေအရံအမျိုးသမီးတို့က သူ တို့ရဲ့ လက်နဲ့ မြားတွေကိုထိလိုက်ပြီးချိန်မှာ မြားပြုလုပ်ခြင်းလုပ်ငန်းစဉ်ပြီးဆုံးတာဖြစ်ပါတယ်။ မြားတ်ံမှာ ဂျပန်ရိုးရာ စက္ကူဖြစ်တဲ့ ၀ါရှီ၊ ရွှေနဲ့ ငွေခေါင်းလောင်းအသေးလေးတွေကိုလည်းတွဲချည်ကြတာပါ။ နှစ်သစ်ကူးအတွက် ကံကောင်းစေတဲ့မြား(၂) သန်းခွဲလောက်ပြင်ဆင်နေတယ်လို့ ဗိမာန်တာဝန်ရှိသူတွေကပြောပါတယ်။ မြားတွေကိုဝယ်ယူသူတွေအတွက် ပျော်ရွှင်မှုတွေနဲ့ ကျန်းမာရေးတွေကောင်းအောင် ဆုတောင်းပေးခဲ့တယ်လို့ ဗိမာန်အခြွေအရံအမျိုးသမီးသမီးတစ်ဦးကပြောပါတယ်။ အဲဒီဗိမာန်အ တွက် နှစ်ကုန်သန့်ရှင်းရေးတွေကို ဗိမာန်အခြွေအရံအမျိုးသမီးတွေကိုလုပ်ဆောင်သွားမှာဖြစ်ပြီး အ၀င်ဂိတ်မှာ ပန်းဆိုင်းအသစ် တွေကိုပြုလုပ်သွားမယ်လို့သိရပါတယ်။

 

 

Related News