အာဂျင်တီးနားနိုင်ငံက ချီးမြှင့်တဲ့ အမြင့်ဆုံးဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို အာဂျင်တီးနားသမ္မတအိမ်တော်မှာ ဒီဇင်ဘာလ(၂)ရက်ကကျင်းပခဲ့ပြီး အဲဒီ ဆုကိုတရုတ်သမ္မတ ရှီကျင့်ပင်ရရှိခဲ့ပါတယ်။ အာဂျင်တီးနားနိုင်ငံကချီးမြှင့်တဲ့ အမြင့်ဆုံးဂုဏ်ပြုဆုကို တရုတ်သမ္မတ ရှီကျင့်ပင်ရရှိခဲ့ပြီး ဒီဇင်ဘာလ(၂)ရက်မှာ အာဂျင်တီးနား သမ္မတ မက်ရီစီရိုမက်ခရီကချီးမြှင့်ပေးခဲ့ပါတယ်။ ဂုဏ်ပြုဆုပေးအပ်ပွဲအခမ်းအနားကို အာဂျင်တီးနား သမ္မတအိမ်တော်မှာ ကျင်း ပခဲ့ပြီး သမ္မတရှီရဲ့ဦးဆောင်မှုအောက်မှာ တရုတ်နိုင်ငံရဲ့ကြီးမားတဲ့ဖွံ့ဖြိုးတိုးတက်မှု၊  အာဂျင်တီးနားနဲ့ တရုတ်ဆက်ဆံရေး၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ဘုံဖွံ့ဖြိုးတိုးတက်မှုတွေအတွက် အာရှနိုင်ငံရဲ့အရေးကြီးတဲ့ ထောက်ပံ့မှုတွေကို တန်ဖိုးထားတယ်လို့ မက်ခရီက ပြောပါတယ်။

အာဂျင်တီးနားနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုဆုကို ရရှိတဲ့ အတွက် ဂုဏ်ယူမိကြောင်းနဲ့ အဲဒီဆုကိုရရှိတာက အာဂျင်တီးနားနိုင်ငံသားတွေရဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့ အာဂျင်တီးနား နိုင်ငံနဲ့ တရုတ်လူမျိုးတွေကြားလေးနက်တဲ့ ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ်ဖြစ်တယ်လို့လည်း သမ္မတရှီက မက်ခရီကို ပြောခဲ့ပါတယ်။ အဲဒီဂုဏ်ပြုဆုက မိမိတစ်ဦးတည်းပိုင်ဆိုင်ရုံမဟုတ်ပဲ တရုတ် အာဂျင်တီးနားချစ်ကြည်ရင်းနှီးမှုရဲ့ ကတိသစ္စာပြုမှုဖြစ်တယ်လို့လည်းရှီကပြောပါတယ်။ အာဂျင်တီးနားအမျိုးသားသူရဲကောင်း ဂျို့စ်စီဒီစန်းမာတင်ကို အာဂျင်တီးနားနိုင်ငံရဲ့အမြင့်ဆုံးဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီးနောက်   အခုချီးမြှင့်လိုက်တဲ့ဂုဏ်ပြုဆုက နိုင်ငံခြားသားတစ်ဦးကို ပေးအပ်တဲ့အမြင့်ဆုံးဆုဖြစ်ပါတယ်။

 

 

Related News