ကမ္ဘာပေါ်က တစ်ခုတည်းသော အမြင့်ဆုံးရေတံခွန်ကြီးကတော့ အိန်ဂျယ်ဖော်လ်စ်လို့ခေါ်တဲ့ ရေတံခွန်ကြီးဖြစ်ပါတယ်။ အိန်ဂျယ်ဖော်လ်စ်ရဲ့အမြင့်ပေဟာ (၉၇၉)မီတာရှိပြီး တခါတရံမှာတိမ်တွေနဲ့တောင် တန်းတူဖြစ်သွားတတ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကမ္ဘာပေါ်မှာ တစ်ခုတည်းရှိတဲ့ကမ္ဘာ့အမြင့်ဆုံးရေတံခွန်ကြီးကတော့ ဗင်နီဇွဲလားနိုင်ငံက အိန်ဂျယ်ဖော်လ်စ် လို့ခေါ်တဲ့ ရေတံခွန် ကြီးဖြစ်ပါတယ်။ အိန်ဂျယ်ဖော်လ်စ် ဆိုတာ မြန်မာဘာသာစကားနဲ့ဆိုရင် နတ်သမီးရေတံခွန်လို့ တင်စားခေါ်ဝေါ် တာပါ။ အဲဒီရေ တံခွန်ကြီးရဲ့အမြင့်ပေဟာ (၉၇၉)မီတာ (ဒါမှမဟုတ်) (၃၂၁၁)ပေမြင့်မားပြီး တခါတလေမှာဆိုရင် ကောင်းကင်မှာ ရှိတဲ့ တိမ်တွေ နဲ့တောင် တန်းတူဖြစ်သွားတဲ့အခါတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီရေတံခွန်ဟာ ဗင်နီဇွဲလားနိုင်ငံရဲ့ ဒုတိယအကြီး ဆုံးပန်းခြံဖြစ်တဲ့ ကနေမားအမျိုးသားပန်းခြံထဲမှာရှိပြီး ရေတွေစီးဆင်းနေတာကတော့ အောက်ယန်းတီပူဝီ တောင်ရဲ့အစွန်ဘက် ကနေစီးဆင်းနေတာပါ။ အိန်ဂျယ်ဖော်လ်စ် လို့အမည်ပေးထားက (၂၀)ရာစုနှစ် အလယ်ပိုင်းလောက်မှာ အမေရိကန်လေယာဉ်မှူး တစ်ဦးဖြစ်တဲ့ ဂျင်မီအိန်ဂျယ် ကိုအစွဲပြုပြီးပေးထားတာ ဖြစ်ပါတယ်။ ဂျင်မီအိန်ဂျယ် ဟာ အဲဒီရေတံခွန်ကြီးပေါ်ကနေ ပထမဆုံးပျံ သန်းခဲ့တဲ့ လေယာဉ်မှူးတစ်ဦးဖြစ်တာကြောင့် သူ့ရဲ့နာမည်ကို အစွဲပြုပေးထားတာပါ။ (၁၆)ရာစုနဲ့ (၁၇)ရာစုလောက်က စပိန်စူး စမ်းလေ့လာသူနဲ့ ဘုရင်ခံတစ်ဦးလည်းဖြစ်တဲ့ ဖာနန်ဒို ဒီဘေရီယို ကအိန်ဂျယ်ဖော်လ်စ်ရေတံခွန်ကြီးဆီပထမဆုံး သွားရောက်ခဲ့တဲ့ ဥရောတိုက်သားဖြစ်တယ်လို့ သမိုင်းပညာရှင် တွေက ဖော်ပြခဲ့ပါတယ်။

အိန်ဂျယ်ဖော်စ် ရေတံခွန်ကြီးဆီကိုအလည်အပတ်သွားမယ်ဆိုရင် နှစ်ပိုင်းခွဲထားတဲ့ ကနေးမား ပန်းခြံကြီးကိုအရင်ဆုံးဖြတ်ရမှာဖြစ်ပြီး ၀င်ကြေးအနေနဲ့ ခန့်မှန်းခြေမြန်မာကျပ်ငွေ(၆၀၀၀) ကျော်ကျသင့်မှာ ဖြစ်သလို ရေတံခွန်ကြီးဆီရောက်ဖို့ အချိန်(၅)နာရီလောက်ကြာမှာဖြစ်ပါတယ်။ မြင့်မားတဲ့တောင်စွန်ပေါ်ကနေ စီးဆင်းနေတဲ့ ရေတံခွန်ဖြစ်တာကြောင့် မိုးရာသီလိုအချိန်မျိုးမှာဆိုရင် သူ့ရဲ့ရေငွေ့၊ ရေမွှားလေးတွေကို ပေပေါင်း(၃)ထောင်ကျော် လောက်ကခံစားရနိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေ ရေတံခွန်ကြီးဆီသွားရောက်ခွင့်ကို (၁၉၉၀) ခုနှစ်ကတည်းက ခွင့်ပြုပေးခဲ့တာဖြစ်ပြီး ပထမဆုံးလာရောက်တဲ့ခရီးသွားတွေကတော့ မိုလ်တွန်စခန်းမှာ နေထိုင်ခဲ့ကြပါတယ်။ အိန်ဂျယ်ဖော်လ်စ် ဟာ ကာရေယို မြစ်ရဲ့ မြစ်လက်တက်တစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ကမေ့မရနိုင်တဲ့ အလှအပတွေရှိတဲ့ ရေတံခွန်ကြီး တစ်ခုဖြစ်ပါတယ်။

 

 

Related News