အလင်းရောင် တွေအားလုံးကအသုံးဝင်တယ်ဆိုတာမှန်ပေမဲ့ အဲဒီထဲကမှLEDမီးအလင်းရောင်တွေဟာ လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက် စေနိုင်တယ်လို့ ဇီဝဗေဒဆိုင်ရာစိတ်ရောဂါကုသမှုကမ္ဘာ့ဂျာနယ်ကနေ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ စာတမ်းတစ်စောင်မှာဖော်ပြထားပါတယ်။ နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ ကမ္ဘာတစ်ဝန်းကနိုင်ငံတွေအားလုံးနီးပါးဟာ ခေတ်နဲ့အညီမြို့တွေ၊ လမ်းတွေနဲ့ လူနေအိမ်တွေကို မီးအလင်းရောင်တွေနဲ့ ထွန်းလင်းတောက်ပအောင်ပြောင်းလဲခဲ့ပါတယ်။ သာမန်မီးအလင်း ရောင်တွေက လူ သားတွေရဲ့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးနည်းပေမဲ့ LEDမီးအလင်းရောင်တွေကလူသားတွေရဲ့ စိတ်ပိုင်း ဆိုင်ရာကိုအများဆုံးထိ ခိုက်စေနိုင်တာပါ။

ယနေ့ခေတ်မှာ LEDမီးအလင်းရောင်တွေကို ပွဲတော်တွေမှာဖြစ်ဖြစ်၊ တခြားအလှ ဆင်မယ့် နေရာတွေမှာ ဖြစ်ဖြစ် အများဆုံးအသုံးပြုနေကြတာကိုတွေ့ရပါတယ်။ မီးအလင်းရောင်တွေအားလုံးက အလွန် အသုံးဝင် တယ်ဆိုတာမှန်ပေမဲ့ သိပ္ပံပညာ အရကြည့်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာကိုလည်းထိခိုက်စေနိုင်ပါတယ်။

အခုနှစ် အစောပိုင်းက ဇီဝဗေဒဆိုင်ရာစိတ်ရောဂါကုသမှု ကမ္ဘာ့ဂျာနယ်ကနေ ပုံနှိပ်ထုတ်ဝေခဲ့တဲ့စာတမ်းတစ်စောင်မှာ LEDမီးအလင်း ရောင်တွေက လူသားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေနိုင်တယ်လို့ စိတ်ရောဂါကုဆရာဝန်အဖွဲ့က ရေးသားဖော်ပြခဲ့ပါ တယ်။ ဘယ်လိုထိခိုက်မှုတွေလဲဆိုရင် အိပ်စက်တဲ့အချိန် မှာ အပြာရောင်ရှိတဲ့မီးအလင်းရောင်တွေကိုဖွင့်အိပ်မယ်ဆိုရင် အိပ်မပျော်တာတွေကိုဖြစ်စေပြီး ဆယ်ကျော်သက်အရွယ်တွေရဲ့ စိတ်ခံစားမှုအာရုံတွေကိုလည်း ပိုပြီးထိခိုက်လွယ်စေတယ်လို့ ဇီဝဗေဒဆိုင်ရာစိတ်ရောဂါကုသမှုကမ္ဘာ့ဂျာနယ်မှာဖော်ပြထားပါတယ်။

ဥပမာ- ကျွန်တော်တို့အိပ်တဲ့ အချိန်မှာLEDမီးတွေကို ဖွင့်အိပ်လိုက်တယ်ဆိုပါစို့။ မီးအလင်းရောင်တွေရဲ့သဘောတရားက သူတို့ကိုအကြာကြီး ဖွင့်ပြီးအသုံးပြုမယ်ဆိုရင် ပူလာတယ်ဆိုတာကိုလူတိုင်းသိကြမှာပါ။ အဲဒီပူလာတယ်ဆိုတာရဲ့နောက်ကွယ်မှာ ကျွန်တော်တို့နေထိုင်တဲ့နေရာတွေကို အပူချိန်မြင့်တက်လာစေပြီး အပူချိန်မြင့်တက်လာမှုကြောင့် ခန္ဓာကိုယ်ကချွေးတွေထွက် လာမယ်၊ ရုတ်တရတ်လန့်နိုးတာတွေ ဖြစ်လာနိုင်ပါတယ်။

LEDမီးအလင်းရောင်တွေထိတွေ့မှုနဲ့ လူသားတွေရဲ့စိတ်ကစဥ့်ကလျား ဖြစ်စေတဲ့ စိတ်ကြွလွန်းတာ၊ စိတ်ရောဂါလက္ခဏာတွေရောထွေးမှုနဲ့ ပတ်သက်လို့အစောပိုင်းမှာ စိုးရိမ်မှုတွေရှိခဲ့ပြီး အဲဒီစိုးရိမ်မှု တွေကနောက်ပိုင်းမှာပိုပြီး ကြီးမားလာတယ်လို့ ချီကာကိုဆေးဝါးဖိန်းဘာ့ခ်ျကျောင်းက စိတ်ရောဂါကုသမှုနှင့် အမူအကျင့်သိပ္ပံ လက်ထောက်ပါမောက္ခ ဂျွန်ဂေါ့တီလာ့ပ်ကပြောခဲ့ပါတယ်။

စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကာကွယ်နိုင်ဖို့နဲ့ ကောင်းမွန်စွာအိပ် စက်နိုင်မယ့်နည်းလမ်း တွေကတော့ မအိပ်ခင်မိနစ်(၃၀)အလိုမှာ နည်းပညာတွေနဲ့တီထွင်ဖန်တီးထားတဲ့အရာတွေကို အသုံးမပြုပါနဲ့၊ ပြီးရင်နည်း ပညာနဲ့ တီထွင်ဖန်တီးထားတဲ့အရာတွေကို အိပ်ခန်းထဲကဖယ်ရှားလိုက်မယ်ဆိုရင် အပေါ်ကပြောပြပေးခဲ့တဲ့ ဆိုးကျိုးတွေ ဖြစ်လာတော့မှာမဟုတ်ဘဲ နှစ်ခြိုက်စွာအိပ်စက်နိုင်မှာလည်းဖြစ်တယ်လို့ အမျိုးသားအိပ်စက်ခြင်းဖောင်ဒေးရှင်းလမ်း ညွှန်ချက်မှာ အကြုံပြုထားပါတယ်။

 

 

Related News