ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်မြောက်ပိုင်းမှာ ဒီဇင်ဘာလ(၄)ရက်က ထိုင်းအာဏာပိုင်တွေနဲ့ မူးယစ်ဆေးဝါးတွေဖြန့်ချိသူတို့ကြားတိုက် ပွဲဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါးဖြန့်ချိသူလို့ယူဆရတဲ့ လူ(၁)ဦးသေဆုံးခဲ့ပါတယ်။ စုစုပေါင်းလူ(၄)ဦးလောက်ဟာ စိတ်ကြွဆေးပြား (၆)သန်းကျော်လောက်မှောင်ခိုကုန်ကူးဖို့ ကြိုးပမ်းခဲ့တာလို့ ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ ထိုင်းနယ်စပ်ကနေ ယာဉ်တစ်စီးနဲ့ မူးယစ်ဆေးဝါးတွေကိုတင်ဆောင်လာပြီး အဝေးပြေးလမ်းမတစ်ခုပေါ်မှာထိုင်းလုံခြုံရေးတပ်ဖွဲ့နဲ့ ထိပ်တိုက်ရင်ဆိုင်ရချိန်မှာ ယာဉ်ပေါ်မှာပါလာတဲ့ မူးယစ်ဆေးဝါးဖြန့်ချိသူလို့ယူဆရသူတွေက သူတို့ရဲ့ယာဉ်ကိုအရှိန်ပြင်းပြင်းနဲ့ မောင်းနှင်ထွက်ပြေးဖို့ ကြိုး ပမ်းခဲ့တာကြောင့် ထိုင်းလုံခြုံရေးတပ်ဖွဲ့ကပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။

အခင်းဖြစ်ပွားချိန်မှာ လမ်းထောင့်တစ်ခုမှာ မူးယစ်ဆေး ၀ါး ဖြန့်ချိသူတွေထဲကတစ်ဦးလို့ယူဆရတဲ့ ထိုင်းနိုင်ငံသားတစ်ဦးကိုတွေ့ရှိခဲ့တာကြောင့် ထိုင်းရဲတပ်ဖွဲ့ဝင်တွေကခေတ္တထိန်းသိမ်း ခဲ့ပေမဲ့ တိုက်ခိုက်ဖို့ကြိုးပမ်းခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ကပြောပါတယ်။ အခင်းဖြစ်ပွားပြီးနောက် ယာဉ်ပေါ်ကို ရှာဖွေရာမှာ စိတ်ကြွဆေးပြား(၆.၁)သန်းလောက်ကိုထိုင်းရဲတပ်ဖွဲ့ဝင်တွေကရှာတွေ့ခဲ့ပါတယ်။

 

 

Related News