မလေးရှားနိုင်ငံ၊ ဆာရာဝက်ခ်ပြည်နယ်က ကုန်တိုက်တစ်ခုမှာ ဒီဇင်ဘာလ(၄)ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် လူ (၃)ဦးသေဆုံးပြီး နောက်ထပ်လူဒါဇင်ချီဒဏ်ရာရခဲ့ပါတယ်။ ဒေသစံတော်ချိန် နေ့လည်ပိုင်းလောက်မှာ ပေါက်ကွဲဖြစ်ပွားခဲ့ပြီး အမျိုးသား(၃)ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ပြည်နယ်မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဌာနညွှန်ကြားရေးမှူး ခူရူဒင် ဒရမ်မန်က အတည်ပြုပါတယ်။ သေဆုံးခဲ့သူ(၃)ဦးထဲက (၂)ဦးဟာ ဆာရာဝက်ခ်ပြည်နယ်ကဖြစ်ပြီး ကျန်တဲ့(၁)ဦးကတော့ ပီနန်ပြည်နယ်ဖြစ် တယ်လို့သိရပါတယ်။ အခုပေါက်ကွဲမှုဟာ ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေထဲက အဆိုးဆုံးတစ်ခုဖြစ်ပေမဲ့ ဒါကဗုံး ပေါက်ကွဲမှုတော့မဟုတ်ဘူးလို့ ကူချင်းမြို့မီးသတ်တပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ကုန်တိုက်အ တွင်းဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အခုလိုပေါက်ကွဲခဲ့တာဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးသူတွေကပြောပါတယ်။ ဓာတ်ငွေ့ယိုစိမ့်တယ် ဆိုပေမဲ့ ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းအရင်း တိတိကျကျဖော်ပြနိုင်အောင်ဆက်လက်စုံစမ်းသွားမယ်လို့ သိရပါတယ်။ ပေါက် ကွဲမှုကြောင့် စုစုပေါင်းလူ(၃၂)ဦးဒဏ်ရာရခဲ့တာပါ။ ဒီပေါက်ကွဲမှုက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုခု (ဒါမှမဟုတ်) ရာဇ၀တ်မှုကျူး လွန်တဲ့ဖြစ်ရပ်မျိုးတွေနဲ့ ဆက်စပ်မနေဘူးလို့ မလေးရှားရဲတပ်ဖွဲ့ကပြောပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူတချို့အော်ဟစ် အကူအညီတောင်းခဲ့ကြတယ်လို့ မလေးရှားသတင်းတွေမှာဖော်ပြနေပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ကုန်တိုက်ထဲကရောင်းချတဲ့  ပစ္စည်းတွေ၊ မျက်နှာကြက်တွေနဲ့ တခြားပစ္စည်းတွေပျက်စီးခဲ့တယ်လို့သိရပါတယ်။

 

Related News