ဂျပန်နိုင်ငံမြောက်ပိုင်းက အိုတာဝါရာမြို့က အဏ္ဏ၀ါပြတိုက်မှာ ဆန်တာကလော့ရေငုပ်တာကိုကြည့်ပြီး ကလေးငယ်တွေက ပျော် ရွှင်နေကြပါတယ်။“နာကာဂါဝါ”အဏ္ဏ၀ါပြတိုက်နဲ့ပန်းခြံမှာ နှစ်စဉ်ဒီဇင်ဘာလတိုင်း ခရစ်စမတ်ပွဲတော်ကျင်းပလေ့ရှိပါတယ်။ အဏ္ဏ ၀ါပြတိုက်ဝန်ထမ်းတွေက ဆန်တာကလော့ဘိုးဘိုးကြီးလိုဝတ်ဆင်ပြီး အမေဇုန်မြစ်နဲ့တခြားနေရာတွေက ငါးတွေကိုကိုင်ပြီး ရေ ကန်ကြီးထဲမှာရေကူးနေတာပါ။ (၂)မီတာရှည်တဲ့ငါးနဲ့အတူရေကူးတဲ့ ဆန်တာကလော့ကိုကြည့်ရတာ ကလေးတွေကပျော်ရွှင်ပါ တယ်။ ဆန်တာကလော့ရေကူးတာကိုကြည့်ရတာ အံ့အားသင့်ခဲ့တယ်လို့  ကလေးတစ်ဦးနဲ့လာရောက်ကြည့်ရှုတဲ့ အမျိုသမီးတစ် ဦးကပြောပါတယ်။  ခရစ်စမတ်ပွဲတော်အကြိုကာလတစ်ခုလုံးအဲဒီပြကွက်ကိုပြသသွားမယ်လို့ အဏ္ဏ၀ါပြတိုက်တာဝန်ရှိသူတွေက အတည်ပြုထားပါတယ်။

 

 

Related News