ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ပြင်သစ်နိုင်ငံမှာ လောင်စာဆီအခွန်တိုးကောက်မှာကိုဆန့်ကျင်သူတွေက အပေါ်အကျီင်္ဝါ၀တ်ပြီးဆန္ဒပြ ခဲ့တာကြောင့် လာမယ့်နှစ်ရသုံးငွေစာရင်းကနေ အခွန်တိုးကောက်ဖို့ပြန်ရုတ်သိမ်းလိုက်ပြီလို့ ပြင်သစ်ဝန်ကြီးချုပ်“အက်ဒွါ့ ဖီလစ် ပေး”ကကြေညာပါတယ်။ အဲဒီအစီအစဉ်ကို ခြောက်လနောက်ဆုတ်သွားမယ်လို့ ဒီဇင်ဘာလ(၄)ရက်မှာ ဖီလစ်ပေးကပြောပါ တယ်။ ပြီးခဲ့တဲ့သီတင်းပတ်(၃)ပတ်ဆက်တိုက် ရုံးပိတ်ရက်တွေမှာ ပြင်သစ်မြို့ကြီးတော်တော်များများမှာ အပေါ်အကျီင်္ဝါ၀တ်ဆန္ဒ ပြမှုတွေဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အခုလာမယ့်သီတင်းပတ်အတွက်လည်း ဆန္ဒပြဖို့ ကြိုတင်ပြင်ဆင်နေကြချိန်မှာ အခုကြေညာ ချက်ထွက်ပေါ်လာတာပါ။ ဆန္ဒပြမှုတွေက ပြင်သစ်အစိုးရကို နိုင်ငံသားတွေအမျက်ထွက်နေတယ်ဆိုတာဖော်ပြနေတာလို့ သုံး သပ်တာတွေလည်းရှိနေပါတယ်။ ဆန္ဒပြမှုတွေကြောင့် လူ(၄)ဦးသေဆုံးခဲ့ပြီး ဆန္ဒြ့ပသူတွေရဲ့ဖျက်ဆီးမှုတွေကြောင့် ပစ္စည်းတွေ ပျက်စီးခဲ့တဲ့အတွက် ဆန္ဒပြသူတွေရဲ့လုပ်ရပ်ကို ရှုတ်ချခဲ့ပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ပြင်သစ်သမ္မတ“အီ မန်နျူရယ် မက်ခရွန်”ရဲ့မူဝါဒတချို့ဟာ နိုင်ငံသားတွေကိုထိခိုက်စေခဲ့တဲ့အတွက် အခုနှစ်အစောပိုင်းတုန်းကလည်း အလုပ်လက်မဲ့ ဖြစ်သွားသူတွေနဲ့ကျောင်းသားတွေက ဆန္ဒပြခဲ့ပါတယ်။

 

 

Related News