အီတလီနိုင်ငံအလယ်ပိုင်း“ရိုင်တီ”ပြည်နယ်မှာ ဓာတ်ဆီဆိုင်ကဆီကန်ပေါက်ကွဲခဲ့တာကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီး နောက်ထပ် လူ(၁၇)ဦးဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရခဲ့တဲ့အထဲက လူ(၃)ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ သေဆုံးသူတွေထဲမှာ တာဝန်ချိန်ပြင်ပမီးသတ်သမား(၁)ဦးနဲ့ ဓာတ်ဆီဆိုင်နားမှာရှိနေတဲ့လူ(၁)ဦးတို့ပါဝင်ပါတယ်။ အခြေအနေထိန်းချုပ်ထားနိုင်ပြီး မီး သတ်သမားတွေက လိုအပ်တဲ့စာရင်းတွေကောက်ယူနေတယ်လို့ ရိုင်တီပြည်နယ်ရဲမှူးကြီး“အန်တိုနီယို မန်နိုနီ”ကပြောပါတယ်။ ဘာကြောင့်ဒီဖြစ်ရပ်ဖြစ်ခဲ့သလဲဆိုတာကိုလည်း စုံစမ်းနေတယ်လို့လည်းသိရပါတယ်။ ဆီဆိုင်မှာဆီဖြည့်နေတုန်းပေါက်ကွဲမှုဖြစ် ပွားခဲ့တာလို့ အကြမ်းဖျင်းသိထားရတယ်ဆိုပြီးလည်း မန်နိုနီကပြောပါတယ်။

 

 

Related News