အခုနှစ်အတွက် ဇီဝကမ္မဗေဒနဲ့ဆေးပညာတို့မှာ ပူးတွဲနိုဗယ်ဆုရခဲ့တဲ့ဂျပန်နိုင်ငံ၊ ကျိုတိုတက္ကသိုလ်က “တာဆူကူ ဟွန်ဂျို”ဟာ ဆုလက်ခံဖို့ ဆွီဒင်နိုင်ငံကို ဒီဇင်ဘာလ(၅)ရက်မှာထွက်ခွာခဲ့ပါတယ်။ ကင်ဆာရောဂါကုထုံးတွေအတွက် အပြောင်းအလဲဖြစ်စေ တဲ့ကိုယ်ခံအားစနစ်အကြောင်းကို ဟွန်ဂျိုကသုတေသနလုပ်ခဲ့တာပါ။ ဒီဇင်ဘာလ(၁၀)ရက်မှာ ဟွန်ဂျိုဆုလက်ခံယူမှာဖြစ်ပြီး ဒီဆု လက်ခံရမှာဟာ သူ့ဘ၀ရဲ့အခမ်းနားဆုံးဖြစ်တယ်လို့ ဟွန်ဂျိုကသတင်းထောက်တွေကိုပြောပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ နဲ့ပြိုင်ဘက်တွေက ဒီဇင်ဘာလ(၇)ရက်မှာသူပြောမယ့် နိုဗယ်ဆုမိန့်ခွန်းကိုလာနားထောင်ကြမယ်လို့လည်း ပြောခဲ့ပြီး ရာသီဥတု အေးတာကိုစိုးရိမ်ပေမဲ့ အချိန်ကောင်းတစ်ခုဖြစ်စေချင်တယ်လို့လည်း ပြောပါတယ်။

 

 

Related News