နစ်ဆန်းကားကုမ္ပဏီဥက္ကဋ္ဌဟောင်းကားလို့စ် ဟိုဆန်က သူ့မှာအပြစ်မရှိဘူးလို့ ဇန်န၀ါရီ(၇)ရက်က တရားရုံးမှာ ပထမဆုံးစစ် ဆေးခံရစဉ် ခုခံပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာမှာ ဟိုဆန်စတင်ထိန်းသိမ်းခံခဲ့ရပြီး သူဟာ ငွေကြေးအလွဲသုံးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေတွေ့ကြုံနေရပါတယ်။ ကြိုတင်ပြင်ဆင်ထားတဲ့လျှောက်တင်လွှာမှာ သူဟာ မှားယွင်းစွပ်စွဲခံခဲ့ရပြီး မမျှမတထိန်းသိမ်းခံ ထားရတယ်လို့ပါဝင်ပါတယ်။ သူ့ကိုသာမန်ထက်ပိုထိန်းသိမ်းထားတာကိုလည်း တရားရုံးကြားနာမှုမှာ ထည့်သွင်းလျှောက်တင်ခွင့် ပြုဖို့ သူ့ရဲ့ရှေ့နေတွေကတောင်းဆိုခဲ့ပါတယ်။ အသက်(၆၄)နှစ်ရှိနေပြီး ကားထုတ်လုပ်ရေးလောကမှာ ပုံရိပ်တစ်ခုရှိထားတဲ့ဟို ဆန်ဟာ ငွေကြေးအလွဲသုံးခဲ့ပြီး သူ့ရဲ့ငွေပေးချေမှုတွေကို တရားဝင်ထုတ်ဖော်ထားခြင်းမရှိဘူးလို့ ဂျပန်အစိုးရရှေ့နေတွေက စွပ် စွဲထားပါတယ်။ သူစပြီးထိန်းသိမ်းခံခဲ့ရတာက ကားထုတ်လုပ်ရေးလောကကို တုန်လှုပ်သွားစေပြီး သာမန်ထက်ပိုပြီးထိန်းသိမ်းခံ ရတာကိုလည်း ဝေဖန်မှုတွေရှိနေပါတယ်။ အခွင့်အာဏာသုံးပြီး သက်သေတွေကိုထိန်းချုပ်ဖို့ကြိုးစားခဲ့တာနဲ့ တရားရင်မဆိုင်ဘဲ ထွက်ပြေးဖို့ ကြိုးစားခဲ့တာတို့ကြောင့် ဟိုဆန်ကို အချိန်ယူထိန်းသိမ်းခဲ့တာဟာ ဥပဒေနဲ့ညီတယ်လို့ ဒီနေ့မနက်ပိုင်းက တိုကျိုခရိုင် တရားသူကြီး(၁)ဦးကပြောတယ်ဆိုပြီး BBCသတင်းဌာနကဖော်ပြပါတယ်။

 

 

Related News