အခုတစ်ပတ်ထဲမှာ (၃)ရက်ကြာပြုလုပ်ခဲ့တဲ့ အမေရိကန် - တရုတ်ကုန်သွယ်ရေး ဆွေးနွေးမှုတွေဟာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပြီး နှစ်ဖက်စလုံးရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အုတ်မြစ်ချနိုင်ခဲ့တယ်လို့ တရုတ်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ဒီနေ့ဇန်န၀ါရီ(၁၀)ရက်မှာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်အချက်အလက်တွေ ပါဝင်သလဲဆိုတာကိုတော့ အသေးစိတ်တွေကိုတော့ မပြောခဲ့ပါဘူး။ (၂၀၁၈)ခုနှစ်အစကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ အကောက်ခွန်တွေ တိုးကောက်ပြီး စတင်ခဲ့တဲ့ ကုန်သွယ်ရေးစစ်ပွဲကို (၃)လအပစ်ရပ်ဖို့ ပြီးခဲ့တဲ့ဒီဇင်ဘာ(၁)ရက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ သဘောတူခဲ့ပြီးနောက် အခုဆွေးနွေးမှုတွေက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ လာမယ့်မတ်လ(၂)ရက်မှာ သဘောတူညီချက် တစုံတရာမရဘူးဆိုရင် တရုတ်ရဲ့သွင်းကုန် အမေရိကန်ဒေါ်လာ ဘီလီယံ(၂၀၀)ဖိုးလောက်ကို အကောက်ခွန်(၂၅)ရာခိုင်နှုန်းအထိ ပြန်ကောက်သွားမယ်လို့ ထရမ့်က ပြောထားပါတယ်။ ကုန်သွယ်ရေးစစ်ပွဲကြောင့် (၂)နိုင်ငံက ကုမ္ပဏီတွေသာမက ကမ္ဘာ့ဈေးကွက်တွေပါ အထိနာနေကြပါတယ်။

 

 

Related News