ဗင်နီဇွဲလားသမ္မတရွေးကောက်ပွဲကို ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်၊ မေလ(၂၀)ရက်မှာ ကျင်းပခဲ့ပြီး အဲဒီရွေးကောက်ပွဲမှာ ဗင်နီဇွဲလားနိုင်ငံ ရဲ့ လက်ရှိသမ္မတ နီကိုလတ်စ် မာဒူရိုအနိုင်ရခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့အတွက် မာဒူရိုဟာ ဒုတိယသမ္မတသက် တမ်းအဖြစ် နောက်ထပ်(၆)နှစ်ကြာအောင် ဗင်နီဇွဲလားနိုင်ငံကို အုပ်ချုပ်ရတော့မှာပါ။ ရွေးကောက်ပွဲမှာ မာဒူရိုဟာ ထောက်ခံမဲ (၆၇.၈)ရာခိုင်နှုန်း၊ အရေအတွက် အားဖြင့်(၆)သန်းကျော်ရခဲ့ပြီး သူ့နောက်မှာတော့ ဟန်ရီဖယ်လ်ကွန်က ထောက်ခံမဲ(၂၀.၉)ရာ ခိုင်နှုန်း၊ အရေအတွက်အားဖြင့်(၁)သန်းကျော်နဲ့ ဂျာဗီရာ ဘာတူစီက ထောက်ခံမဲ(၁၀.၈)ရာခိုင်နှုန်း အရေအတွက်အားဖြင့် (၉) သိန်းကျော်စီရရှိခဲ့ကြပါတယ်။ မာဒူရို ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပေမဲ့ နိုင်ငံတကာရဲ့ဝေဖန်မှုကိုခံနေရပြီး အဲဒီရွေးကောက်ပွဲက တရားမ၀င်ဘူးလို့လည်း ဝေဖန်နေကြပါတယ်။ အမေရိကန်နိုင်ငံအပါအ၀င် နောက်ထပ်နိုင်ငံ(၁၃)နိုင်ငံက မာဒူရိုရဲ့ သမ္မတရာထူး ကို အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့(၁)ပတ်မှာ ပြောပါတယ်။ ဗင်နီဇွဲလားနိုင်ငံ မြို့တော် ခရာကတ်စ်မှာ မာဒူရိုကို ဒုတိယ သမ္မတသက်တမ်းအပ်နှင်းတဲ့ အခမ်းအနားမှာ ပြည်သူထောင်ချီစုဝေးခဲ့ပြီး အဲဒီအခမ်းအနားကို နီကာရာဂွာသမ္မတ ဒန်နီရယ် အော်တီဂါနဲ့ ဘိုလီးဗီးယားသမ္မတ အီဗို မိုရာလတ်စ်တို့လဲ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

 

Related News