အသက်(၁၈)နှစ်အောက် ကလေးတွေအနေနဲ့ ဖုန်းနဲ့ ကွန်ပျူတာလို လျှပ်စစ်ဖန်သားပြင်တွေ အများကြီး အသုံးပြုနေတာက ကျန်းမာရေးအတွက်မကောင်းသလို ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေကိုလည်းထိခိုက်စေတယ်လို့ သိရပါတယ်။ ယနေ့ခေတ်မှာ ကလေးအတော်များများဟာ မိုဘိုင်းဖုန်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေအများဆုံးအသုံးပြုနေတာကို တွေ့နေ ရပြီး အဲဒီလိုအသုံးပြုနေတာက ကလေးတွေအတွက်အန္တရာယ်ရှိတယ်လို့ ကလေးအထူးကုဆရာဝန်ကြီးတွေကပြောပါတယ်။ ကလေးမိဘတွေကလည်း ကိုယ့်ကလေးတွေဘယ်လောက်အထိဖုန်းတွေကိုအသုံးပြုတယ်ဆိုတာနဲ့ ဘယ်လိုအန္တရာယ်တွေရှိ တယ်ဆိုတာကို စစ်ဆေးသင့်တယ်လို့လည်းပြောပါတယ်။ မအိပ်ခင် (၁)နာရီလောက်အလိုမှာ ကလေးတွေဖုန်းအသုံးမပြုဖို့ အကြံ ပြုထားတဲ့ ပညာရှင်တွေရဲ့လမ်းညွှန်ချက်ကိုလည်း ကလေးမိဘတွေအနေနဲ့လိုက်နာသင့်တယ်လို့ ကျွမ်းကျင်သူတွေကပြောပါ တယ်။

ဖုန်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေအသုံးပြုနေတဲ့အချိန်က အိပ်ချိန်ကိုပြန်အစားမထိုးနိုင်သလို ဒီအချက်ကလည်းအ ရေးကြီးတဲ့အချက်(၁)ခုဖြစ်တယ်လို့ပြောပါတယ်။ တွေ့ရှိချက်တွေအများစုက ကလေးတွေရုပ်ရှင်ကြည့်နေတဲ့အချိန်အပေါ် အခြေ ခံသုံးသပ်ထားတာဖြစ်ပေမဲ့ တခြားဖန်သားပြင်အသုံးပြုမှုတွေဖြစ်တဲ့ ဖုန်းနဲ့ ကွန်ပျူတာအသုံးပြုမှုတွေလည်းပါဝင်နေတယ်လို့ သိရပါတယ်။ နောက်ထပ်လေ့လာမှု(၁)ခုမှာတော့ အသက်(၁၄)နှစ်အရွယ်ရှိတဲ့ မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေကိုနှိုင်း ယှဉ်ကြည့်တဲ့အခါမှာ မိန်းကလေးတွေထဲက(၂)ဆလောက်ဟာ စိတ်ကျရောဂါရနေတဲ့ လက္ခဏာတွေဟာဖြစ်နေတာကိုတွေ့ရပါ တယ်။ အဲဒီလိုဖြစ်နေရတာတွေက လူမှုကွန်ရက်တွေကိုအသုံးပြုမှုနဲ့ ဆက်စပ်နေပြီး ဒီဖြစ်ရပ်ရဲ့အရင်းအမြစ်ကတော့ ကလေး မိဘတွေက ကလေးတွေကိုဖုန်းတွေအသုံးပြုခွင့်ပေးတာကြောင့်ဖြစ်ပါတယ်။

ဖုန်းအသုံးပြုမှုကြောင့် ကလေးတွေရဲ့ ကျန်းမာရေးကိုဘယ်လိုထိခိုက်စေလဲဆိုရင် အ၀လွန်တာ၊ အိပ်မပျော်တာ(ဒါမှမဟုတ်) မျက်စိကြောင်တာ၊ ကလေးအချင်းချင်း အနိုင်ကျင့်ချင်လာတဲ့လက္ခဏာတွေ၊ အာရုံခံမှုနဲ့ ခန္ဓာကိုယ်တွင်းကပေးပို့တဲ့သ တင်းအချက်အလက်တွေကို ဆောင်ရွက်ပေးတဲ့ဦးနှောက်အပြင်လွှာ ကိုထိခိုက်တာနဲ့ ပညာရေးပိုင်းမှာအာရုံမစိုက်နိုင်တော့ဘဲ ဆိုး ရွားတဲ့ရလဒ်ထွက်ပေါ်တာတွေဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရသိရပါတယ်။ ဒါကြောင့် ဖုန်းနဲ့ ကွန်ပျူ တာလိုလျှပ်စစ်ဖန်သားပြင်တွေအသုံးပြုမှုကို အသက်(၁၈)နှစ်အောက်ကလေးမိဘတွေအနေနဲ့ ခွင့်ပြုမပေးသင့်ဘူးလို့ ကလေးနဲ့ ပတ်သက်သောဆေး ပညာနှင့် ကလေးကျန်းမာရေးတော်ဝင်ကောလိပ်(RCPCH)လမ်းညွှန်ချက်မှာအကြံပြုထားပါတယ်။

 

 

 

Related News