ရုရှားနိုင်ငံမှာ ရှက်ဖ်ရှောင်းဝင်လို့ခေါ်တဲ့ မြို့(၁)မြို့ရှိပြီး အဲဒီမြို့ရဲ့ထူးခြားပုံကတော့ တခြားမြို့တွေနဲ့မတူပဲ မြို့ရဲ့နေရာ တိုင်းမှာ အပြာရောင်တွေရှိနေတာဖြစ်ပါတယ်။ ရုရှားနိုင်ငံ မြို့တော် မော်စကိုအနောက်မြောက်ပိုင်းမှာ ရှက်ဖ်ရှောင်းဝင်လို့ခေါ်တဲ့ မြို့လေး(၁)မြို့ရှိပြီး အဲဒီမြို့ရဲ့ထူးခြားပုံက တော့ နေရာတိုင်းမှာအပြာရောင်တွေရှိနေတာပဲဖြစ်ပါတယ်။ ဒီမြို့လေးဟာ ရှေးဟောင်းမြို့(၁)မြို့လည်းဖြစ်ပြီး (၁၄၇၁) ခုနှစ်ကတည်း ကစတင်တည်ထောင်ခဲ့တာဖြစ်သလို တည်ထောင်သူကတော့ မူလီ အလီအဗင် ရရှိဒ်အယ်လမ်မီ လို့ခေါ်တဲ့ အမျိုးသားဖြစ်ပါတယ်။ ရှက်ဖ်ရှောင်းဝင်မြို့ဟာ ရုရှားနိုင်ငံထဲက တောင်ပေါ်မြို့(၁)မြို့ဖြစ်ပြီး (၂၀၁၄)ခုနှစ်လူဦးရေစာရင်း တွေအရ လူ(၄) သောင်းကျော်နေထိုင်နေတယ်လို့ဖော်ပြထားပါတယ်။ အယ်လမ်မီဟာ မော်စကို မြောက်ပိုင်းကို ကျူးကျော် လာတဲ့ပေါ်တူဂီလူမျိုး တွေကို တော်လှန်ဖို့ ဒီမြို့လေးကို တည်ထောင်ခဲ့တာပါ။ တစ်မြို့လုံးမှာ အပြာရောင်ဆေးသုတ်ထား တာနဲ့ ပတ်သက်ပြီး မတူညီ တဲ့အယူအဆတွေလည်းရှိပါတယ်။ အဲဒီထဲက လူသိများတဲ့အယူအဆ(၁)ခုက ခြင်တွေမလာ အောင် အပြာရောင်ဆေးသုတ်ထား တာဖြစ်ပြီး နောက်ထပ်အယူအဆ(၁)ခုကတော့ (၁၉၃၀)ခုနှစ်မှာ နာဇီပါတီခေါင်းဆောင် အဒေါ့ဖ် ဟစ်တလာကဆီကနေ ဂျူးလူမျိုးတွေကဒုက္ခသည်တွေ ခေါ်ဆောင် လာခဲ့ချိန်မှာ ဒီအပြာရောင်တွေကိုစတင် မိတ်ဆက်ခဲ့တာလို့ သိရပါတယ်။ ဒီမြို့လေးရဲ့ ဘေးပတ်လည်ကို ရစ်ဖ်တောင်တွေနဲ့ ၀န်းရံထားပြီး ထူးခြားတဲ့မြို့(၁)မြို့ အဖြစ်လူသိများကြတာပါ။

အဲဒီမြို့ရဲ့ လမ်းကြားတွေ ထဲမှာ အင်္ကျီတွေ၊ အလှကုန်ပစ္စည်းတွေနဲ့ တခြားလူသုံးကုန်ပစ္စည်း တွေကို ရောင်းချကြပေမဲ့ ဆိုင်တွေကိုသီးသန့်ဆောက်လုပ် ထားတာမဟုတ်ဘဲ သာမန် အတိုင်းလမ်း ဘေးနံရံတွေမှာ ချိတ်ဆွဲရောင်းချတာ (ဒါမှမဟုတ်) အောက်ချပြီးရောင်းကြပါတယ်။ ဒီမြို့လေးကို လာရောက်လည်ပတ်တဲ့ခရီး သွားတွေ များပြားလွန်းတာကြောင့် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ကြတဲ့လုပ်ငန်းရှင်တွေ အများကြီးရှိပြီး ခန့်မှန်းခြေဟိုတယ်(၂၀၀) လောက်ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် ဒေသခံတွေသာမက လာရောက်လည် ပတ်တဲ့ခရီးသွားတွေလည်း နှစ်သက်ကြတဲ့ ပူစီနံလက်ဖက်ရည်ဟာ ကျန်းမာရေးအတွက်ကောင်းကျိုးများစွာရစေပါတယ်။ ပူစီနံ လက်ဖက်ရည်ထဲမှာ ပါဝင်တဲ့ အန်တီ အောက်စီးဒန့် ကခန္ဓာကိုယ်ကို ခံနိုင်ရည်ပိုရှိစေသလို နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ကင်ဆာရောဂါဖြစ်စေမယ့် ဆဲလ်တွေကို တိုက်ဖျက် ပေးပါတယ်။ ပူစီနံအရွက်လေးတွေထဲမှာ ပရုတ်အေးပါဝင်တာကြောင့် ခေါင်းကိုက်တာ၊ လေထိုးလေအောင့်တာ၊ ပျို့အန်ချင်တာနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်လို့ သိရပါတယ်။

 

 

Related News