ဆီးနှင်းနဲ့ ရေခဲဖုံးလွှမ်းမှုတွေကြောင့် ဗြိတိန်နိုင်ငံက သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေ နှောင့်နှေးခဲ့ရပြီး ဝေးလ်စ်နဲ့ အင်္ဂလန်နိုင်ငံတို့က ကျောင်းရာချီကိုလည်း ပိတ်ထားရပါတယ်။ ဗြိတိန်နိုင်ငံမှာ ဆီးနှင်းနဲ့ ရေခဲဖုံးလွှမ်းမှုတွေမှုကြောင့် ကား၊ မီးရထားနဲ့ လေကြောင်းခရီးတွေ နှောင့်နှေးခဲ့ရပါတယ်။ အဲဒီလိုဖြစ်ရပ် မျိုးတွေရှိနေတာကြောင့် ဖေဖော်ဝါရီလ(၁)ရက်မှာ မိုးလေ၀သသတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံတောင်ပိုင်းနဲ့ ဗြိတိန်ကဒေသအတော်များများမှာ ဆီးနှင်းနဲ့ ရေခဲတွေဖုံးလွှမ်းနေတဲ့အတွက် ရာသီဥတုသတိပေးချက်အ၀ါရောင်အဆင့် ထုတ် ပြန်ထားတာပါ။ ဟန့်ရှိုင်းယားပြည်နယ်က အိုဒီဟမ်လေဆိပ်မှာ နှင်းထု(၁၉)စင်တီမီတာရှိခဲ့ပါတယ်။ အခုလိုရာသီဥတုဆိုးရွားနေ တာကြောင့် ဝေးလ်စ်နဲ့ အင်္ဂလန်နိုင်ငံတို့က ကျောင်းရာချီကိုပိတ်ခဲ့ရပါတယ်။

ဘရစ်စတိုလေဆိပ်မှာလည်း လေကြောင်းခရီးစဉ်တွေ ကိုဖျက်သိမ်းခဲ့ရပါတယ်။ ဒါ့အပြင်ခရီးသွားဧည့်သည်တွေကိုလေကြောင်းခရီးစဉ် သတင်းအချက်အလက်တွေကို စုံစမ်းဖို့လေဆိပ် က သတိပေးထားပါတယ်။ နှင်းတွေထူထပ်စွာကျဆင်းတာကြောင့် လန်ဒန်မြို့လေဆိပ်က လေကြောင်းခရီးစဉ်တွေကိုလည်း ဖေဖော်ဝါရီလ(၁)ရက် ညနေပိုင်းမှာဖျက်သိမ်းခဲ့ရပါတယ်။ ပြီးခဲ့တဲ့(၂၀၁၂)ခုနှစ်ကစလို့ အခုဖြစ်ရပ်ဟာ ဗြိတိန်မှာအပူချိန်အနိမ့်ဆုံး လျော့ကျတာဖြစ်ပြီး အပူချိန် အနုတ်(၁၅.၆)ဒီဂရီဆဲလ်စီးရပ်စ်ပဲရှိတယ်လို့ ဗြိတိန်အမျိုးသားမိုးလေ၀သဌာနကကပြောပါတယ်။ 

 

Related News